ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက်ကို ညီညီညွတ်ညွတ် ဖော် ဆောင်မယ်ဆိုတဲ့ အာဆီယံအဖွဲ့ရဲ့ရပ်တည်ချက်ကို အင်ဒိုနီးရှားနိုင်ငံက ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီက အခုလို ပြောကြားခဲ့တာပါ။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ ဘုံအဖြေတစ်ခုရှာဖို့ အာဆီ ယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့ပါတယ်” လို့ ရတ်နိုမာဆူဒီက ဆိုပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေကြား မတူညီသော အမြင်တွေရှိတာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ က အသံတစ်သံတည်းမရှိဘူးလို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ထက်ဝက်က သပိတ်မှောက်ခဲ့တဲ့ အလွတ်သဘော အစည်းအဝေး တစ်ခုကို လက်ခံကျင်းပခြင်းအားဖြင့် မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ ရွေးချယ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့က မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ ဘုံအဖြေတစ်ခုနဲ့ သဘောထားတစ်ရပ်ရှိတယ်လို့ ရတ်နိုမာဆူဒီက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ကျော်လွှားနိုင်ဖို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အထူးအစည်းအဝေးအပြီးမှာ အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြည်တွင်းရေးရာတွေ ညှိနှိုင်းဆောင်ရွက်ခွင့်ပြု မယ့် အထူးကိုယ်စားလှယ်ရုံးတစ်ခု ထူထောင်ခဲ့တယ်လို့ အကြီးတန်းအရာရှိ ဂူရာဆွာရာဂျာက ပြောပါတယ်။

ကိုးကား – Antara News
Ref; Indonesia emphasizes ASEAN unity in resolving Myanmar crisis