ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

စစ်ကိုင်းတိုင်း ဝက်လက်နှင့်ရွှေဘိုမြို့ကြား တွင် စစ်ကောင်စီတပ်များ မောင်းလာသောကားကို ကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီလ ၄ ရက်နေ့က မိုင်းဖြစ်တိုက်ခိုက်ရာ ၁၀ ခန့်သေဆုံးပြီး အများပြား ဒဏ်ရာရရှိကြောင်းသိရသည်။

အင်အား၂၀ ခန့်ပါသော စစ်ကောင်စီကားကို ဒေသကာကွယ်ရေးအဖွဲ့များက မနက် ၈ နာရီအချိန်တွင်၂ နေရာခွဲတိုက်ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force (SBLDF)အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့က စစ်ကောင်စီတပ် တွေစီးလာတဲ့ ၁၂ ဘီးကားကို မနက်ပိုင်း ၈ နာရီ ဝန်းကျင် စိုင်နိုင်ကြီး ကွေ့မှာ ပဒေသာမိုင်း တစ်ကြိမ်၊ဇီးတောရွာ ၊ရွှေဘို မြို့နယ် မုဒ်ပေါက်မှာ အဲ့ကားကိုဘဲ မနက် ၁၀နာရီလောက်မှာတစ်ကြိမ် တိုက်ခိုက်ခဲ့တာ၊ ၁၀ယောက်နီးပါးသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလဲရှိတယ်၊ကျွန်တော်တို့ တိုက်ခိုက်ပြီးတော့ သူတို့က ကားထဲက ဆင်းလာပြီး လက်နက်တွေနဲ့ပြန်လည်ပစ်ခတ်တာရှိပေမယ့် အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်”ဟု BUFFalo Soldiers Freedom အဖွဲ့ခေါင်းဆောင်ဗိုလ်ကျွဲကြီးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်ကို အမြဲတိုက်ခိုက်ဖို့ နေ့ရောညပါ ဖော်ဆောင်နေပြီး စစ်ကောင်စီတပ်က လမ်းပေါ်က ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ပြည်သူအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေအတွက် ပြန်ပေးဆပ်ဖို့ ရတဲ့နည်းနဲ့ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Buffalo Soldiers Freedom Force အဖွဲ့နှင့် မဟာမိတ်များဖြစ်သည့် တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊
Hero Brothers Gueallia Force ၊ Shwebo Defence Force(SBLDF) စခန်း ၁၊ တပ်ခွဲ ၁၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။