ဧရာဝတီတိုင်းမ်
(ရွှေဘို)၊ ဖေဖော်ဝါရီလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်အတွက် ကျန်းမာရေးအသုံးဆောင်ပစ္စည်း တွေအရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ရာသီဥတုကြောင့် အအေးဒဏ်ပိုမိုခံစားရပြီး ကျန်းမာရေးချို့တဲ့မှုတွေဖြစ်ပေါ်နေလို့ အရေးပေါ်ဆေးဝါး ပစ္စည်းတွေ လိုအပ်နေတာကြောင့် လှူဒါန်ပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ Burma Rangers(ShweBo)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ စစ်ဘေးရှောင်ပြည်သူက ၃၀၀ ကျော်လောက်ရှိတယ်၊ ခုဖြစ်နေတာက ရာသီတုပ်ကွေးပုံစံမျိုးဖြစ်နေတာ၊ သက်ကြီးပိုင်းတွေအဖြစ်များတယ်၊ အဓိကလိုအပ်နေတာတော့ ဆေးဝါးလိုအပ်နေတာ”လို့ Burma Rangers(ShweBo)အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓိ က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ထဲက အသက်ကြီးပိုင်လူကြီး အများစုဟာ ရာသီတုပ်ကွေးပုံစံ ရောဂါမျိုး ဖြစ်ပွားနေပြီး Burma Rangers(ShweBo)အဖွဲ့နဲ့ ရွှေဘိုမြို့နယ် ဆေးတပ်ရင်းက ဆရာဝန်တွေ အကူညီနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေလုပ်ဆောင်ပေးထားရတယ်လို့ ဆိုပါတယ်။

\လက်ရှိအချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေသေးလို့ စစ်ဘေးရှောင် ပြည်သူများကိုယ်စား ဆေးဝါးတွေတက်နိုင်သလောက် ကူညီလှူဒါန်းပေးဖို့ မေတ္တာရပ်ခံချင်တယ်လို့ ပြောပါတယ်။