ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

တိုင်းပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်စေမယ့် လမ်းတစ်ခုဖန်တီးဖို့ လွန်ခဲ့သောနှစ်နှစ်က သ ဘောတူခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခု အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပ တဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်ကောင်စီကို တိုက်တွန်း လိုက်ပါတယ်။

“ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေးနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုကို ရရှိ ခဲ့ပါတယ်” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာ့အရေးကို စည်းလုံးညီညွတ်စွာ ဖြေရှင်းတဲ့ လမ်းညွှန်မှုတစ်ခုအဖြစ် ဘုံသဘောတူညီချက် (၅) ရပ် က အာဆီယံအဖွဲ့အတွက် အထူးသဖြင့် အလှည့်ကျဥက္ကဌအတွက် အလွန် အရေးကြီးပါတယ်” လို့ သူက ဆိုပါ တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကစဉ့်ကလျားအခြေအနေဖြစ်နေ တဲ့ မြန်မာ့အရေးက ဂျကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကို လွှမ်း မိုးသွားခဲ့ပါတယ်။

စစ်တပ်နဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေကြား ငြိမ်းချမ်းရေးရရှိစေဖို့ ရည်ရွယ်တဲ့ ဘုံသဘောတူညီ ချက် မဖော်ဆောင်တာကြောင့် မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေပေမယ့် စစ်ကောင်စီကို ထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

အာဆီယံအဖွဲ့က စစ်ကောင်စီအဖွဲ့ဝင်ကို အစည်းအဝေးတက်ရောက်ဖို့ မဖိတ်ကြားခဲ့ပေမယ့် နိုင်ငံရေး ကိုယ်စားမပြုသူ တက်ရောက်ခွင့်ပြုပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာက အာဆီယံအဖွဲ့ရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းကို စမ်းသပ်နေတာကြောင့် မြန်မာ့အရေး ဖြေရှင်းမယ့်အဖြေရှာဖို့ လုပ်ဆောင်နေ တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ကိုးကား – AFP
Ref; ASEAN ministers call on Myanmar junta to implement peace plan