ဧရာဝတီတိုင်းမ်
ဖော်ဖော်ဝါရီလ ၅ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းက အသတ် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်မှာ အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူသတ်မှုကို ရဲက အမှုဖွင့်ပြီး တရားခံ ဖမ်းမိချိန်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်နေပြီး အဆိုပါ အမျိုးသမီးဟာ သေဆုံးသူ အမျိုးသားရဲ့ နေအိမ်မှာ ပိုက်ဆံသွားချေးစဉ်မှာ အဓမ္မပြုကျင့်ဖို့ ပြုလုပ်ခံ ရတာကြောင့် ခုခံရင် လူသတ်မှုဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ ကောင်မလေးက အသက် ၂၃ ပဲရှိသေးတယ်၊ သူအဲ့ အဲ့သေသွားတဲ့သူအိမ်မှာ သူ့သားခေါ်ပြီး ပိုက်ဆံသွား ချေးတာ၊ ပိုက်ဆံမပေးခင် လက်စွပ်ချွတ်ပေးပြီး စည်းရုံးတာ၊ မရတော့ အဓမ္မပြုကျင့်ဖို့လုပ်တာ၊ အဲ့မှာ ကောင်မလေးက ကြောက်လန့်ပြီး ခုခံလိုက်တော့ သေသွားတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က လူသေဆုံးနဲ့အပြင် ကာလတန်ဖိုး ၂ သိန်းဝန်းကျင်ရှိတဲ့ လက်စွပ်ပါပျောက်ဆုံးသွားတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ တို့နဲ့ အမှုဖွင့်ထားတာ ကြောင့် အဓမ္မပြုကျင့်ဖို့အတွက် ခံရသူ အမျိုးသမီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်သက်ရင့် ရှေ့နေတစ်ဦးက ရဲဘက်က အမှုဖွင့်ထားရင် ဖမ်းဆီးခံထားရ နိုင်ပြီး တရားရုံးရောက်လို့ အမှုရင်ဆိုင်မှသာ တရားသူကြီးရဲ့ ဆုံးဖြတ်ပိုင်ခွင့်အရ အဓမ္မပြုကျင့်ဖို့ ခံရသူ အမျိုးသမီးမှာ ပြန်လွတ်နိုင်မှာဖြစ်တယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။