ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

မင်းအောင်လှိုင်ဉီးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှု တိုးမြှင့်မှုနဲ့အတူ အာ ဏာဆုပ်ကိုင်ဖို့ ကြိုးပမ်းလာမှုကြောင့် အာဏာသိမ်းပြီးနှစ်နှစ်အကြာမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်လာခဲ့ ပါတယ်။ မြန်မာပြည်မှာ ပြည်တွင်းစစ်ပြင်းထန်လာတာနဲ့အတူ ရှင်းရှင်းလင်းလင်းရှိလာတဲ့ အချက်နှစ်ချက် ရှိပါ တယ်။

မြန်မာစစ်တပ်ဟာ တိုင်းပြည်တစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ လူထုရဲ့ခုခံတွန်းလှန်မှုကို မထိန်း ချုပ်နိုင်တော့သလို ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက အကူအညီ ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေး ကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့အပြင် အကြမ်းဖက်မှုတွေ တိုးလာစေနိုင်မယ့် ရွေး ကောက်ပွဲတစ်ရပ်ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုး ကြောင်း ဖေဖော်ဝါရီလ ၁ ရက်မှာ မင်းအောင်လှိုင်က ကြေညာခဲ့ပြီး နိုင်ငံတွင်းရှိ မြို့နယ်တွေရဲ့သုံးပုံတစ်ပုံကျော် ကို စစ်တပ်က မထိန်းချုပ်နိုင်တော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံက လက်ရှိအခြေအနေအရ စစ်တပ်က မဝန်ခံရဲတာတစ်ခုကတော့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိနိုင်ခြင်း ရှိ မရှိပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို မင်းအောင် လှိုင်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ စစ်တပ်က အတိုက်အခံတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွက်နေပြီး နေ့စဉ် ပြည်သူတွေကို သတ်ဖြတ်နေပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၁၃၆၀၀ ဉီး အကျဉ်းချခံထားရပြီး ပြည်သူ ၂၉၀၀ ခန့် သတ်ဖြတ်ခံခဲ့ရကာ ဖမ်းဆီး၊ သတ်ဖြတ်ခံရသူအရေအတွက်က ဒီထက်များနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။ မင်းအောင်လှိုင် စီမံတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တရားမဝင် အာဏာသိမ်းယူမှု တရားဝင်မှုဖြစ်စေဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်ဆိုတာကို အာဆီယံ အပါအဝင် နိုင် ငံတကာအသိုင်းအဝိုင်းက နားလည်သိရှိဖို့ လိုအပ်ပါတယ်။

မြန်မာပြည်သူတွေက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတာကြောင့် အာဏာသိမ်းတယ်ဆိုတာကို ဗိုလ်ချုပ်ကြီးတွေ က ဘယ်တော့မှ သက်သေမပြနိုင်ခဲ့ပါဘူး။ စစ်အုပ်ချုပ်ရေးကို လက်မခံဘူးဆိုတဲ့ဆန္ဒကို မြန်မာပြည်သူတွေက ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးဖြစ်ပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ်စနစ်တစ်ခု တည်ထောင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲဖို့ ရွေး ကောက်ခံ အစိုးရနဲ့လွှတ်တော်အမတ်တွေ၊ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ ဝင်တွေက လက်တွဲဆောင်ရွက်နေပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး ကြိုး ပမ်းမှုကို ပံ့ပိုးသင့်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ အလှည့်ကျဥက္ကဌသက်တမ်းအတွင်း မလုပ်ဆောင်နိုင်ခဲ့သော နှစ်နှစ်ကြာမြင့်ပြီဖြစ် တဲ့ မအောင်မြင်သောအဖြေရှာမှုကို ရိုက်ချိုးကာ ပထမအဆင့်ခြေလှမ်း လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ က လုပ်ဆောင်သင့်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံအဖွဲ့ဝင်တွေနဲ့ မင်းအောင်လှိုင်တို့ လက်မှတ်ရေးထိုးခဲ့ တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်တပ်က ဥပေက္ခာပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက စစ်ကောင်စီကို ပြစ်တင်ခဲ့ပါတယ်။ ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ဖြစ်လာတဲ့ ရတ်နိုမာဆူဒီက မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုကို ဉီးဆောင်မှာဖြစ် ပါတယ်။

NUG ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်ဆိုတာ ရတ်နိုမာဆူဒီက ပေါ်ပေါ်ထင်ထင် အသိအမှတ် ပြုသင့်ပြီး မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုအားလုံးနဲ့ ထိတွေ့ဆက်ဆံသင့်ပါ တယ်။ ရတ်နိုက မအောင်မြင်တဲ့ ဘုံသဘောတူညီချက်ငါးရပ်နေရာမှာ သဘောတူညီချက်သစ်တစ်ခု အစားထိုး သင့်ပါတယ်။

ဒီသဘောတူညီချက်သစ် ဖော်ဆောင်ရာမှာ မင်းအောင်လှိုင်နဲ့မဟုတ်ဘဲ NUG၊ မဟာမိတ်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းသင့်ပါတယ်။ စစ်ကောင်စီက အကူအညီပေးအပ်မှုတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေပြီး လူ သားချင်းစာနာမှု အကူအညီ ထိရောက်စွာ ပေးအပ်နိုင်ရေး မယုံကြည်ရဘူးဆိုတာ အင်ဒိုနီးရှားအစိုးရက ဝန်ခံသင့် ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာမှု အကျပ်အတည်းကြုံတွေ့နေရသူတွေကို ကူညီရာမှာ အာ ဆီယံအဖွဲ့က NUG၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သင့်ပါ တယ်။
လက်နက်တင်ပို့မှုပိတ်ပင်တာ၊ စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်တွေကို ဖြတ်တောက်တာနဲ့ ဒေသတွင်း ခရီး သွားလာခွင့် ပိတ်ပင်တာတွေ အပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေအပေါ် အင်ဒိုနီးရှားနိုင်ငံက ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်သင့်ပါတယ်။ ကြောက်မတ်ဖွယ်ရာ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံရေး လုပ် ဆောင်ရာမှာ အာဆီယံဥက္ကဌက ဉီးဆောင်အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်။

ဆယ်စုနှစ်ချီ အာဏာရှင်စနစ်အောက်မှ စစ်တပ်ကို စစ်တန်းလျားပြန်ပို့ခဲ့သော အတွေ့အကြုံရှိတဲ့ ကမ္ဘာ့ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ အင်ဒိုနီးရှားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ထောက်ခံအားပေး ရာမှာ အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်သင့်ပါတယ်။

မြန်မာ့အရေးဖြေရှင်းတဲ့ အာဆီယံအဖွဲ့ရဲ့လမ်းကြောင်း ပြောင်းဖို့နဲ့ လူသတ်စစ်တပ်ကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ တိုက်ပွဲကိုကူညီဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအတွက် အကောင်းမွန်ဆုံး အခွင့်အလမ်း တစ်ခု ဖြစ်ပါတယ်။ ဒီအခွင့်အလမ်းကို လက်လွှတ်မခံပါနဲ့။

The Jakarta Post သတင်းစာပါ Indonesia should lead the way in helping Myanmar’s pro-democratic movement ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ဆောင်းပါးရှင် ချားလ်ဆန်တီယာဂိုဟာ မလေးရှား လွှတ်တော်အမတ်ဟောင်းနဲ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ရဲ့ ဒုတိယဥက္ကဌဖြစ်ပါတယ်။