
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးမှာ 7 July နှစ်ပတ်လည်နေ့ ဆန္ဒပြတဲ့ လူငယ်တွေ ယနေ့ညနေ ၃ နာရီခန့်က အိမ်စီးကားဖြင့်တိုက်၍ ဖြိုခွဲခံခဲ့ရတယ်လို့ သိရပါတယ်။
တိုက်သွားသည့် အိမ်စီးကားမှာ Toyota Belta ကားအမျိုးအစားဖြစ်ပြီး ကားနံပါတ်မှာ YGN 7J/5050 ဖြစ်တယ်လို့ အဆိုပါဖြစ်စဥ်ရဲ့ ရုပ်သံဖိုင်အရ သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်အရ ကားနဲ့ ဝင်တိုက်ချိန်မှာ လူငယ်တစ်ဦးလဲကျသွားတာကို မြင်တွေ့ခဲ့ရပြီး နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ဖမ်းဆီးခံရခြင်းရှိ၊ မရှိကိုမူ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်ပါတယ်။