ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်​

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-Local PDF)မှ တပ်ရင်း(K)ကို မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာ ဗဟို​ကော်မတီဦး​ဆောင်ပြီး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တိုးချဲ့ဖွဲ့စည်းခဲ့​သော တပ်ရင်း(K)သည် အဓိဌာန်(၄) ချက်နှင့်အညီ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြား​တော်လှန်​ရေးတပ်ဖွဲ့နှင့်အတူ ညီညွတ်စွာ လက်တွဲသွားမယ်လို့ ဆိုပါတယ်။

ဒီး​မော့ဆိုမြို့နယ်ရှိ​ လူငယ်အများစုမှာ စစ်အာဏာ ရှင်​တော်လှန်ခြင်းသည် မည်သို့အခက်အခဲကြမ်း တမ်းသည်ကို နားလည်ထား​သော်လည်း မတရားမှု့အား ခုခံ​တော်လှန်ရာတွင် စိတ်အားထက်သန်မှု့​ကြောင့် ​တော်လှန်​ရေးတပ်သားများစွာ ထွက်​ပေါ်လာခဲ့တာဖြစ်ပါတယ်။

ထို​ကြောင့် စတင်ဖွဲ့စည်းလိုက်​သော တပ်ရင်းသစ်အား လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာ စသည့် အ ခက်အခဲအမျိုးမျိုးရှိ​သည့်အတွက် မိဘပြည်သူများ ဝိုင်းဝန်းကူ​ညီထောက်ပံ့​ပေးနိုင်ရန်အထူး​ ​မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။