
ကိုကိုလေး/ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၇ ရက်
မကွေးကိုင်း၊မြိုင်မြို့နယ်တွင်၊စစ်ကောင်စီနှင့်ပုလဲမြို့နယ်အခြေစိုက်ဖြစ်တဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၅ ရက်နေ့က သံဘိုကြီးကျေးရွာနှင့်ဇီးဖြူစားကောင်း ကျေးရွာအကြား တိုက်ပွဲပြင်ထန်နေပြီး နှစ်ဖက်ထိခိုက်မှုကျဆုံးမှူများရှိနေတယ် လို့ ကျားသစ်နက်တပ်ဖွဲ့ထံက သိရပါတယ်။
“မကျီးကုန်ညအိပ်ပီးထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ မနေ့ကညပိုင်းပိုင်းမှာပြန်ပီးတိုက်ပွဲဖြစ်တာပေါ့။စစ်တပ်ဘက်ကအင်အား ၉၀ ကျော်တယ်။ ဝိုင်းမိနေတဲ့ ကလေးတွေကိုသွားကယ်ရတယ် ကျွန်တော်တို့အဖွဲ့ကတပ်စုတစ်ဖွဲ့ကို ၂၀ ကျော်တယ် အဲဒီအဖွဲ့ကို တပ်ခွဲမှူး၊တပ်စုမှူး၊တပ်စိတ်မှူးတွေရော ရှိတဲ့လက်နက်ကလေးနဲ့ သွားကယ်ရတယ်။ ၃ ယောက်ကတော့နေရာတင်ပဲ ကျဆုံးသွားတယ်။ဒဏ်ရာရ ၄ ဦးရှိပြီး ၁ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ကျားသစ်နက်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဥက္ကာက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။
၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိတဦးသေဆုံးပြီး တပ်သား ၁၅ ဦးဝန်းကျင်ဒဏ်ရာရရှိပြီး တပ်သားအချို့လည်းသေဆုံးမှုရှိကာ အရာရှိတစ်ဦးရဲ့ အလောင်းကိုတော့ လေယာဥ်နဲ့ လာရောက်သယ်ယူသွားတယ် လို့ ကျားသစ်နက်တပ်ဖွဲ့ထံကသိရပါတယ်။
“အဓိက တစ်တောင့်ထို့ သေနတ်နဲ့ပစ်နေရတော့ လိုရာခရီးမရောက်ပဲအထိခိုက်တွေများတာပေါ့ဗျာ။ဟိုဘက်က စက်
လက်ကြီးနှစ်လက်နဲ့ပစ်တာ။ကျွန်တော်တို့ဘက်က သေနတ်အစစ် သုံး လက်လောက်နဲ့ပြန်တိုက်နေရတာ” လို့ ကျားသစ်နက်တပ်ဖွဲ့ဝင်များက ဆက်လက်ပြောပါတယ်။
မကွေးတိုင်း၊မြိုင်မြို့နယ်အတွင် စစ်ကောက်စီတပ်နှင့်ပုလဲမြို့နယ်အခြေစိုက်ဖြစ်တဲ့ ကျားသစ်နက်တပ်ဖွဲ့နှင့် နှစ်ဖက်လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှူတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ဦးကိုတော့ ဇွန်လ ၆ ရက်နေ့ ဒီကနေ့ညနေပိုင်းမှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ဝင်များက ပြောပါတယ်။
ရုပ်သံ-ကျားသစ်နက် ပေးပို့