ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

မကွေးတ်ိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

၎င်း စစ်ကောင်စီယာဥ်တန်း ကား ၂၈ စီးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထံ ထွက်လာချိန် ကံမမြို့နှင့် ပခုက္ကူအကြား ကန်တော်ရွာနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သာ ၆ ဦးသေဆုံးတယ်ကာ ၃ ဦးဒဏ်ရာရရှိသွာကြောင်း မြိုင်(ပကဖ)အဖွဲ့ကပြောသည်။

ဒါ့ပြင် ၎င်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ကန်တော်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးတင်ရှို့သွားကြကြောင်း ဒေသခံများကပြောသည်။

“သူတို့က စစ်ကား၂၈ စီးလာတဲ့အထဲမှာ ၁၆ စီးက လက်နက်ခဲယမ်းနဲ့ရိက္ခာတွေတင်လာတယ်။ ပဲခူးတပ်ကလို့တော့သိရတယ်၊သူတို့ အဲ့လိုလာဖို့အတွက် စစ်ကောင်စီတပ်နဲ့ပျူအဖွဲ့ ၁၀၀ လောက်က ကင်းပုန်းချပြီး စောင့်နေကြတယ်။ ဒါပေမယ့် ကျတော်တို့က ကံမမြို့နဲ့ပခုက္ကူ ကြားလမ်းမှာ မိုင်းဆွဲ တိုက်ခိုက်တာ ဖောကား ၂ စီးထိသွားတယ် “ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင် (ပကဖ) တပ်ရင်း ၁ အဖွဲ့နှင့် အတူ Black Cobra အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် (ပကဖ) အဖွဲ့ကပြောသည်။