ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်
ဒေါနစစ်ကြောင်း ချေမှုန်းရေး တပ်ခွဲ ၁ မှ ရဲဘော်များအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NUG မှ လက်နက် ၆၀ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
တာဝန်ခွဲဝေပေးခြင်းနှင့် လက်နက်တပ်ဆင်းပေးခြင်း အခမ်းအနားအား ချေမှုန်းရေး တပ်ခွဲ ၁ ၏ နေရာတွင် ကျင်းပပြု့လုပ်ခဲ့ပြီး ရဲဘော်များအား သေနတ်အလက် ၆၀ တက်ဆင်ပေးခဲ့ကြောင်း ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) ထံမှသိရသည်။
” ကျွန်တော်တို့သိသလောက်ကတော့လောလောဆယ် တပ်ဆင်ပေးတဲ့လက်နက်တွေမှာ NUG ဘက်က ထောက်ပံ့ပေးတဲ့လက်နက်တွေလည်းပါသလို စစ်ကြောင်းတာဝန်ခံတွေထောက်ပံ့နေတဲ့လက်နက်တွေလည်းပါ ပါတယ်၊ NUG ဘက်က ဘယ်နှစ်လက် ထောက်ပံ့လည်းဆိုတာတော့ တိတိကျကျမသိပါဘူး အားလုံးပေါင်း တပ်ခွဲတစ်ခွဲ စာ အလက် ၆၀ ပါဗျ၊ ရဲဘော်တိုင်းရပါတယ် “ဟု ဒေါနစစ်ကြောင်းချေမှုန်းရေ တပ်ခွဲ ၁ မှ တပ်စိပ်မှူး ကိုဒဿ မှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဒေါနစစ်ကြောင်း ချေမှုန်းရေး တပ်ခွဲ ၁ ၏ လက်နက်တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေခြင်း အခမ်းအနားသို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ မှပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူးမှ ရဲဘော်များအား ဂုဏ်ပြုစကားပြောဆိုခဲ့ပြီ စစ်ဘက်ဆိုင်ရာ ကိစ္စများကိုတိုးချဲ့ဆောင်ရွက်ရန် ရဲဘော်အသီးသီးသို့ တာဝန်များပေးအပ်ခဲ့ပြီ ဒေါနစစ်ကြောင်း ဒုစစ်ကြောင်းမှူးမှ ရဲဘော်များထံ လက်နက်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါနစစ်ကြောင်း ချေမှုန်းရေတပ်ဖွဲ့အားတပ်ဆင်ပေးသော လက်နက်များတွင် M4 ၊ Carbine ၊ M16 နှင့် AK အမျိုးစားလက်နက်များပါဝင်ကြောင်း ဒေါနစစ်ကြောင်း ချေမှုန်းရေအဖွဲ့ထံမှ သိရသည်။
#ဒေါနစစ်ကြောင်း #ချေမှုန်းရေးတပ်ခွဲ #NUG #လက်နက်တပ်ဆင်
#Ayeyarwaddy_Times