ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

မြန်မာစစ်တပ်ရဲ့ အရေးပေါ်အခြေအနေ သက်တမ်းတိုးတာကို အမေရိကန်နိုင်ငံက ရှုတ်ချခဲ့ပြီး တရားမ ဝင် အုပ်ချုပ်မှုကို တာရှည်စေတယ်လို့ ပြောကြားလိုက်ပါတယ်။

“မြန်မာစစ်ကောင်စီရဲ့ အရေးပေါ်အခြေအနေ သက်တမ်းတိုးတာကို အမေရိကန်နိုင်ငံက အပြင်းအထန် ကန့်ကွက်ပြီး စစ်တပ်ရဲ့ တရားမဝင် အုပ်ချုပ်မှုကို တာရှည်စေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုရေး အခြားတိုင်းပြည်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားတယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုကို ပိုဆိုးရွားလာစေပြီး ပြည်သူကို ကိုယ်စားမပြုတဲ့ စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲကိုလည်း နက်ပရိုက်စ်က ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီကို ဖိအားပေးမှုအဖြစ် မြန်မာ့စွမ်းအင်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူ ကြောင်း အမေရိကန်နိုင်ငံက အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်နဲ့ဝင်ငွေရရှိမှု ခက်ခဲလာစေမယ့် ဒဏ်ခတ်အရေးယူမှု တိုးမြှင့်မယ့်နည်းလမ်း တွေ တိုးမြှင့်ရှာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒါရက်ချိုလေးက အာဏာ သိမ်းမှုနှစ်နှစ်ပြည့် ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဘဲ ပြည်သူမပါဝင်တဲ့ ရွေးကောက်ပွဲဟာ အာဏာဆက်ပြီး ဆုပ်ကိုင်ဖို့ကြိုးပမ်းမှုသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားကထောက်ပံ့တဲ့ စစ်လက်နက်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြု နေတာကြောင့် အမေရိကန်နိုင်ငံက နှစ်နိုင်ငံကြားဆက်ဆံရေး ကန့်သတ်နိုင်မယ့်နည်းလမ်းတွေ ရှာနေတယ်လို့ သူ က ပြောပါတယ်။

ကိုးကား – TRT World
Ref; US says Myanmar’s emergency extension prolongs army’s ‘illegitimate rule’