ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ထပ်မံ သက်တမ်းတိုးတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ် လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီယိုရှီမာဆာက ပြောပါတယ်။

အရေးပေါ်အခြေအနေ နောက်ထပ် ခြောက်လသက်တမ်းတိုးကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်မီဒီ ယာတွေက ကြေညာပြီးနောက် ဟာယာရှီက အခုလို မှတ်ချက်ပေးတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသူအားလုံး လွှတ်ပေးတာမျိုးလို နိုင်ငံရေးတိုးတက် ဖြစ်ထွန်းမှု စစ်တပ်က မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထပ်တလဲလဲ တောင်းဆိုမှုတွေရှိလင့်က စား လူသေဆုံးမှုတွေရှိနေတဲ့ အခြေအနေကိုလည်း ဂျပန်နိုင်ငံက ထပ်မံ ရှုတ်ချတယ်လို့ ဟာယာရှီက ပြောပါ တယ်။

အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ဖို့၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိရေး ငြိမ်းချမ်း သော အဖြေတစ်ခုရှာရေး ကြိုးပမ်းကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို သူက တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံရှိ ပြည်သူတွေိကို လူသားချင်းစာနာမှုအကူအညီ ဆက်လက် ပေးအပ်မယ်လို့ သူ က ဖြည့်စွက်ပြောပါတယ်။

ကိုးကား – NHK
Ref; Japan’s Foreign Minister Hayashi criticizes extension of emergency in Myanmar