ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့က စိတ်ရောဂါဝေဒနာခံစားနေရသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင်မှုခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၉ ရပ်ကွက်မှာနေထိုင်တဲ့ စိတ်ရောဂါဝေဒနာခံစားနေရတဲ့ အမျိုးသမီးကို ရာအိမ်မှူးရဲ့ အစ်ကိုဖြစ်သူ ကျော်ဌေးဆိုသူက အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ကလေးမလေးက စိတ်ဝေဒနာခံစားနေရတာ၊ အဲ့တာကို ရာအိမ်မှူးအစ်ကို ကျော်ဌေးက အဓမ္မပြုကျင့်တာ၊ မိဘတွေကတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ စိတ်ရောဂါဝေဒနာခံစားနေရသူကို ဆေးရုံမှာသွားရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
စိတ်ရောဂါဝေဒနာခံစားနေရသူကို အဓမ္မပြုကျင့်ခဲ့တဲ့ ရာအိမ်မှူးရဲ့ အစ်ကို ကျော်ဌေးကိုတော့ စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။