ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်

အလှည့်ကျဥက္ကဌအနေနဲ့ ယနေ့ ပထမဆုံးအကြိမ် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး စတင်လိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ဘက်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ မြန်မာနိုင်ငံသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ် ဉီး စေလွှတ်မယ့်အစီအစဉ်ကို နိုင်ငံရေး သုံးသပ်လေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ဘက်နောက်ခံသမိုင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် စေလွှတ်တာဟာ နိုင်ငံရေး အကျပ်အတည်းဖြေရှင်း မယ့် တွေ့ဆုံဆွေးနွေးရေးကို အထောက်အကူပြုနိုင်ပေမယ့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံမှုပေးတယ်လို့ အဓိပ္ပာယ်ကောက်လွဲနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အောင်မြင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို မြန်မာဗိုလ်ချုပ်ကြီးတွေကို ရှင်းပြဖို့ မြန်မာနိုင်ငံသို့ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဉီး စေလွှတ်မယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ရိုက်တာသတင်းဌာနဲ့ အင်တာ ဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဆူဟာတိုလက်ထက်မှာ အင်ဒိုနီးရှားစစ်တပ်က နိုင်ငံရေးနဲ့အုပ်ချုပ်ရေးမှာ အဓိက ပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ် လူထုဆန္ဒပြပွဲတွေကြောင့် ဆူဟာတို ရာထူးမှနှုတ်ထွက်ကာ စစ်တပ်က ဒီမိုကရေစီ အသွင်ကူးပြောင်း မှုကို စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ စစ်တပ်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်မပြုသလို လွှတ်တော်မှာလည်း အမတ်နေရာတွေ စွန့် လွှတ်ခဲ့ရကာ ရွေးကောက်ပွဲဝင်လိုတဲ့ တာဝန်ရှိသူတိုင်းက အရင်ဆုံး ရာထူးမှနှုတ်ထွက်ရပါတယ်။

ဆူဟာတိုလက်ထက် ဗဟုသုတနဲ့ အတွေ့အကြုံရှိတဲ့ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးတစ်ဉီးကို စစ်ကောင်စီက ပိုပြီးတောင် ကြိုဆိုမယ်လို့ ပါလီတာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဌာန ကထိက ဒေါက်တာ အက်ဒရီယာ နာအလီဆာဘတ်က ပြောပါတယ်။

သက်ဆိုင်သူ အသီးအသီးအပြင် စစ်တပ်လည်း ဒီလိုအချိန်မှာ မြန်မာ့အရေးဖြေရှင်းမှုမှာ ပါဝင်သင့်တယ် လို့ ဂျကာတာမြို့တော်အခြေစိုက် အမျိုးသားသုတေသနနှင့် တီထွင်ရေးအေဂျင်စီမှ အကြီးတန်းသုတေသီ ဆရီယာ နူယာတီက ပြောပါတယ်။

မြန်မာအကျပ်အတည်း ဖြေရှင်းမယ့် အာဆီယံရဲ့ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် အထူးကိုယ်စား လှယ်ရုံးသစ်ကို ဉီးဆောင်ကာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံအဖွဲ့က ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီက ဖော် ဆောင်ရာမှာ တိုးတက်မှုမရှိရင် အာဆီယံအဖွဲ့ကို ဓားစာခံအဖြစ်မခံဘူးလို့ သူက ဆိုပါတယ်။

ကိုးကား – The Straits Times
Ref; Mixed reactions to Indonesias plan to send military general to Myanmar for talks