ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်

မြန်မာပဋိပက္ခကြောင့် ထိခိုက်နစ်နာသူတွေကိုကူညီမယ့် ဒေသဆိုင်ရာ ကာကွယ်ပေးရေးအဖွဲ့အစည်း တစ်ခု ဖွဲ့စည်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာ့အိမ်နီးချင်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ အ ထူးကိုယ်စားလှယ် နိုလန်းဟေဇာက ပြောပါတယ်။

ဒုက္ခသည်တွေ၊ စစ်ဘေးရှောင်တွေအတွက် ဒေသတွင်းကာကွယ်ပေးမယ့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရေး နဲ့ပတ်သက်လို့ စတင်ဆွေးနွေးဖို့ ကျွန်မတို့ အာဆီယံကို လိုအပ်ပါတယ်။ အကြမ်းဖက်မှုတွေ စောင့်ကြည့်၊ လျော့ချ တဲ့စနစ်တစ်ခုရှိဖို့ လိုအပ်ပါတယ် လို့ နိုလန်းဟေဇာက ပြောပါတယ်။

လူသားချင်းစာနာမှု အကျပ်အတည်းဖြေရှင်းရာမှာ စည်းလုံးကြဖို့၊ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ် ကောင်စီအပေါ် ဖိအားပေးဖို့၊ ပြည်သူ့အသံကို အလေးထားနားထောင်ဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်း ပေါ် ပြန်လျှောက်လှမ်းဖို့ နိုင်ငံတကာနဲ့ ဒေသတွင်အသိုင်းအဝိုင်းတွေကို သူက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လက်ရှိအခြေအနေမှာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်လို့ အကြမ်း ဖက်မှုတွေ ပိုဖြစ်လာဖို့ အစပျိုးတာသာဖြစ်နိုင်တယ်လို့ နိုလန်းဟေဇာက ဆိုပါတယ်။

မြန်မာ့အရေးကို စေ့စပ်ညှိနှိုင်းဖို့ ခက်ခဲမှာဖြစ်ပေမယ့် ထိခိုက်နစ်နာသူတွေရဲ့ ဒုက္ခကိုလျော့ချပေးဖို့ ကမ္ဘာ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအတွက် ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာပြည်သူ ၅၅ သန်းရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲမွဲတေကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပြီး လူဉီး ရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြင်းထန်သောတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာနေရတဲ့ နယ်စပ်နေပြည်သူတွေက ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ နိုလန်းဟေဇာ က ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုက အရေးကြီးခြင်း ရှိ မရှိမေး မြန်းရာမှာ စစ်တပ် အပါအဝင် သက်ဆိုင်သူအားလုံးကို တွေ့ဆုံဆွေးနွေးရာမှာ ဖိတ်ကြားသင့်တယ်လို့ သူက ဖြေ ကြားခဲ့ပါတယ်။

ကိုးကား – CNA
Ref; UN special envoy calls on ASEAN to form regional protection framework for those affected by Myanmar crisis