ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်
အာဆီယံအဖွဲ့ရဲ့ အပြုသဘောဆောင်သော ပြောင်းလဲမှုတစ်ခု ပြုလုပ်နိုင်စွမ်းအပေါ် မြန်မာပြည်သူတွေ က ယုံကြည်မှု ပျောက်ဆုံးနေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီနာတာလီဂါဝါက ပြောပါတယ်။
“မြန်မာ့အရေးက အာဆီယံအဖွဲ့အတွက် လစ်တမတ် စမ်းသပ်မှုတစ်ခုသာမက အာဆီယံအသိုင်းအဝိုင်း အတွက် အခုအခါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပြီ” လို့ မာတီနာတာလီဂါဝါက ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်မှန်သော၊ ပွင့်လင်းသော အမြင်ချင်းဖ လှယ်မှုတွေပြုလုပ်ဖို့ လိုအပ်တယ်လို့ သူက အကြံပြုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆက်မပြတ်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို သူတို့ရဲ့လုပ်ဆောင် ချက်တွေအတွက် တာဝန်ခံစေရေး ကြိုးပမ်းဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီက တရားဝင်မှုရရှိဖို့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေပီး ရလဒ်ကို အသိအ မှတ်မပြုသင့်ဘူးလို့ မာတီနာတာလီဂါဝါက ဆိုပါတယ်။
“လက်ရှိအခြေအနေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာ ကမ္ဘာကြီးနဲ့ စစ် ကောင်စီကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဖို့ အာဆီယံအဖွဲ့အတွက် အချိန်ကျပါပြီ” လို့ သူက ပြောပါတယ်။
“စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး တရားဝင်မှုရဖို့ ကြိုးပမ်းမှာဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။
ကလေးငယ်တွေ၊ ပြည်သူတွေ ပစ်သတ်ခံနေရပြီး အရပ်ဘက်အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်မရှိတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ သူက ပြောပါတယ်။
“လက်ရှိအခြေအနေမှာ ဘယ်လိုရွေးကောက်ပွဲပြုလုပ်ပါစေ မြန်မာ့အရေးအတွက် အဖြေမဟုတ်သလို အာဆီယံအဖွဲ့ရဲ့ အသိအမှတ်ပြုမှု ရရှိမှာမဟုတ်ပါဘူး” လို့ မာတီနာတာလီဂါဝါက ပြောပါတယ်။
ကိုးကား – CNA
Ref; Unresolved Myanmar crisis due to region becoming ‘inward looking’: Indonesia’s ex-foreign minister