ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်
မြန်မာစစ်ကောင်စီသို့ ရုရှားနိုင်ငံရဲ့ စစ်လက်နက်ကိရိယာတွေ ထောက်ပံ့တာနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံက အလွန် စိုးရိမ်ပြီး နှစ်နိုင်ငံကြား ယင်းသို့သော ပူးပေါင်းဆောင်ရွက်မှုကိ ကန့်သတ်နိုင်မယ့်နည်းလမ်း ဆက် လက်ရှာမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီ စစ်လက်နက်ဝယ်ယူ သို့မဟုတ် ဝင်ငွေရရှိဖို့ ခက်ခဲအောင် အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူမှု တိုးမြှင့်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒါးရက်ချိုလတ်က အာဏာသိမ်းမှုနှစ်နှစ်ပြည့် ဖုန်းဖြင့်ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးကြောင်း ကြေညာပြီး နောက် သူက အခုလို ပြောကြားခဲ့တာပါ။ ပါတီစုံရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒအတိုင်း ကျင်းပမယ်လို့ မင်းအောင် လှိုင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဖူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ ရပ် တည်ချက်ကို ဒါးရက်ချိုလတ်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
“ပြည်သူတွေ အပြည့်အဝ ပူးပေါင်းပါဝင်မှုမရှိတဲ့ ဘယ်လိုရွေးကောက်ပွဲကဆို စစ်ကောင်စီက အာဏာ ဆုပ်ကိုင်ဖို့ဆိုတာထက် မပိုပါဘူး” လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အယုံကြည်ရဆုံး စစ်လက်နက်ထောက်ပံ့သူဖြစ်ခဲ့သလို ပြီးခဲ့တဲ့နှစ် ယူကရိန်းကျူးကျော်စစ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ ရုရှားနိုင်ငံရဲ့ မိတ်ဆွေအနည်းငယ်ထဲမှာ ပါဝင်လာ တယ်လို့ သူက ပြောပါတယ်။
မြန်မာပြည်သူတွေပေါ် တိုက်ခိုက်ရာမှာ ရုရှားနိုင်ငံထုတ် စစ်လက်နက်တွေ အသုံးပြုနေတာနဲ့ပတ်သက် လို့ စိုးရိမ်မိပြီး ရုရှားနဲ့မြန်မာကြား ဆက်ဆံရေးကန့်သတ်ဖို့ အမေရိကန်နိုင်ငံက နည်းလမ်းတွေရှာနေတယ်လို့ ဒါး ရက်ချိုလတ်က ပြောပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ဇန်နဝါရီလ ၃၁ ရက်က စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ကောင်စီ အဖွဲ့ဝင်တွေ အပါအဝင် မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; US Seeks Ways to Limit Russian Military Supplies to Myanmar Junta