ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်

အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း မြန်မာစစ်ကောင်စီရဲ့ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ က ပိုဆိုးလာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက လူသားမဆန်သော ရာဇ ဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ အာဏာသိမ်းမှုနှစ်နှစ်ပြည့် ထုတ်ပြန်ချက်တစ်ခုအတွင်း HRW ရဲ့ အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး အဲလိန်းပီးယားဆင်က ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကြေညာထားတဲ့ ဒီနှစ်ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ် ပြီး မြန်မာစစ်တပ်ဟာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သူက ဆိုပါ တယ်။

“ပြည်သူတွေဟာ အခြေခံအခွင့်အရေးအားလုံး ငြင်းဆန်ခံနေရပြီး နိုင်ငံရေးအတိုက်အခံတွေကို အကျဉ်း ချထားချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအပေါ် ပြင်းထန်ရက်စက်သောဉပဒေတွေနဲ့ နှိပ်ကွက်ထားတာကြောင့် ရွေးကောက်ပွဲမှာ အတိုက်အခံအင်အားစုတွေ ပါ ဝင်ဖို့ ခက်ခဲပါတယ်” လို့ အဲလိန်းပီးယားဆင်က ပြောပါတယ်။

အမေ့လျော့ခံ မြန်မာ့အရေးကို ကမ္ဘာ့နိုင်ငံတွေရဲ့ မလုံလောက်တဲ့ တုံ့ပြန်မှုကြောင့် အာဏာသိမ်းစစ် ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အ ဖွဲ့ (AI) က ဝေဖန်လိုက်ပါတယ်။

စစ်တပ်ရဲ့ နှိပ်စက်မှုကို နေ့စဉ် ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူမှုတွေ အရေးပေါ် လိုအပ်နေပြီဆိုတာ အာဏာသိမ်းမှုနှစ်နှစ် ပြည့်အခမ်းအနားက မီးမောင်းထိုးပြသင့်တယ်လို့ AI ဒုတိယ ညွှန်ကြားရေးမှူး မင်ယုဟာက ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၂၉၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၇၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရတယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။

ကိုးကား – La Prensa Latina
Ref; HRW denounces ‘spiral of atrocities’ of Myanmar military junta