ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်
၂၀၂၃ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆန်ကာတင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၅ ခုကို အော်စလို ငြိမ်းချမ်း ရေးသုတေသနအင်စတီကျု့ (PRIO) ညွှန်ကြားရေးမှူးက ကြေညာလိုက်ပါတယ်။
PRIO ကြေညာခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆန်ကာတင်စာရင်းမှာ ကုလသမဂ္ဂ ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းနဲ့ အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့လည်း ပါဝင်နေပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ အီရန်နိုင်ငံသူ နာဂစ်မိုဟန်မာဒီနဲ့ အာဖဂန်နစ္စတန်နိုင်သူ မာဘူ ဘာဆီရတ်ဂျ်၊ ဖိလစ်ပိုင်နိုင်ငံသူ ဗစ်တိုရီးယားကော်ပတ်ဇ်၊ အက်ကွေဒါနိုင်ငံမှ ဟွမ်ကားလို့ဂျင်တီယာ၊ အပြည်ပြည် ဆိုင်ရာ တရားရုံးချုပ် (ICJ) နဲ့ သုတေသနအဖွဲ့အစည်း Human Rights Data Analysis Group (HRDAG) အဖွဲ့ တို့ကိုလည်း PRIO အဖွဲ့က နိုဘယ်လ်ငြိမ်းချမ်းရေးဆို ဆန်ကာတင်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက စစ်တပ်ကို ရှုတ်ချကာ စစ်ကောင်စီ ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ သံအမတ်ကြီး ဉီးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေ ကို ကိုယ်စားပြုပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာပြည်သူတွေရဲ့အသံ ကြားသိနိုင်ဖို့ သူ့ရဲ့ရာထူးကို အသုံးပြု ခဲ့တယ်လို့ PRIO က ဆိုပါတယ်။
NUCC က စစ်အာဏာရှင်အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန် တီးရေးကို အပြည့်အဝ အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။ NUCC ဟာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ CDM တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာပါ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ နော်ဝေနိုဘယ်လ်ဆုကော်မတီက ငြိမ်းချမ်းရေးမြှင့်တင်ဖို့ ကြိုးပမ်းတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို နှစ်စဉ် ချီးမြှင့်လေ့ရှိတဲ့ ကမ္ဘာပေါ်မှာ အငြင်းပွားဖွယ်မရှိ ဂုဏ်သိက္ခာအရှိဆုံးဆု ဖြစ်ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိသူကို အောက်တိုဘာလအတွင်း ကြေညာမှာဖြစ်ပါတယ်။
ကိုးကား – PRIO
Ref; Nobel Peace Prize 2023: PRIO Director’s Shortlist Announced