ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ့စစ်အမှုထမ်းဟောင်းတစ်ဦးမှ Ye Guerrilla Force အဖွဲ့ထံသို့ သေနတ် ၂ လက်နှင့်အတူ လက်နက်ခဲယမ်း ကျည်ဆံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်အမှုထမ်းဟောင်းတစ်ဦးမှ ပြည်သူဘက်မှရပ်တည်သည့်အနေဖြင့် ၎င်းသိမ်းဆည်းထားသည့် လက်နက်ခဲယမ်းများအား လာရောက်အပ်နှံခြင်းဖြစ်သည်ဟု YGF တာဝန်ရှိသူထံမှ သိရသည်။
လက်နက်ပစ္စည်းများမှာ 16ကျည် ၆၉ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ 45ကျည် ၂၇ တောင့်၊ ၉မမ ကျည် ၃ တောင့်၊ နာတိုကျည် ၅၀ တောင့်၊ စက်လက် ၁၇ တောင့်၊ ၉ လုံးကျည် ၆ တောင့်၊ ပွိုင့် ၂၂ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ခွံ ၆ ခု၊ ကျည်ဖူး 1ခု တို့ဖြစ်ကြောင်း Ye Guerrilla Force အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။