ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်
မြန်မာစစ်အာဏာရှင်တွေက ဒီနှစ်အတွင်း အတုအယောင်ရွေးကောက်ပွဲ ဇာတ်တိုက်ကျင်းပပြီး တရားဝင် မှုရရှိဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူး က သတိပေးခဲ့ပြီး တရားမဝင် အဓိပ္ပာယ်မရှိသော ရွေးကောက်ပွဲကို ပယ်ချဖို့ နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါ တယ်။
မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်နေတဲ့ အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုဖို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အားပေးတဲ့ ကမ္ဘာ့နိုင်ငံတွေကို သူက တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းမှုဟာ တရားမဝင်ဖြစ်ပြီး စစ်ကောင်စီဟာ တရားမဝင်ဘူးလို့ စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရ ဖြုတ်ချခံရတာ နှစ်နှစ်ပြည့်အ ထိမ်းအမှတ် လူ့အခွင့်အရေးကောင်စီထံတင်ပြတဲ့ အစီရင်ခံစာတစ်ခုမှာ အန်ဒရူးက ပြောပါတယ်။
မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် လက်ခံရေးရည်မှန်းချက် အောင်မြင်ရေးနဲ့ တိုင်းပြည်ကို ထိန်းချုပ်နိုင်ရေး အောင်မြင်ခြင်းရှိ မရှိ ဆုံးဖြတ်ရေးမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။
“အတိုက်အခံတွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ နှိပ်စက်၊ ကွက်မျက်နေပြီး သတင်းထောက်တွေ သတင်းယူခွင့် ပိတ်ပင်ခံရကာ စစ်တပ်ကိုဝေဖန်ရင် ရာဇဝတ်မှုတစ်ခုဖြစ်နေရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ် ရပ် မကျင်းပနိုင်ပါဘူး” လို့ အန်ဒရူးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းဝင် နိုင်ငံအများစုက မြန်မာစစ်တပ်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ရေး တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ထောက်ခံကြဖို့လည်း အန်ဒရူးက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်၊ ဉရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေရဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှု တိုးလာမှုက သူ့ကို အား တက်စေတယ်လို့ အန်ဒရူးက ဆိုပါတယ်။
မြန်မာ့အရေးဟာ အမေ့လျော့ခံစစ်ပွဲဖြစ်နေတယ်လို့ အန်ဒရူးက ဆိုပြီး စစ်ကောင်စီရဲ့ စနစ်တကျ လူသား မဆန်သော ရာဇဝတ်မှုနဲ့ စစ်ဘက်ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပျက်ကွက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကိုးကား – AP
Ref; UN expert: Myanmar junta will seek legitimacy in `sham’ vote