ဧရာဝတီတိုင်းမ်
(ဘုတ်ပြင်း)၊ ဖေဖော်ဝါရီလ ၁ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကော့ဗမာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲမှုအား ဇန်နဝါရီလ ၂၆ ရက်နေ့ ည‌ ၈ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။

ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာရွာတွင် အုပ်ချုပ်ရေးမှူး ဦးရဲမှုမှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများအား ဒေသခံများထံမှ ခြိမ်းခြောက်ကောက်ခံခြင်းများရှိသည့်အတွက် အေးမြသာရွာ (၈၅) မိုင်တွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးရဲမှုသည် ကော့ဗမာကျေးရွာအုပ်စုရှိ တရားမဝင်လုပ်ငန်းများမှ တစ်လလျှင် ကျပ်သိန်းပေါင်း ၈၀၀မှ၁၂၀၀ အထိ လိုင်းကြေးကောက်ယူ၍ စစ်ကောင်စီထံ ဆက်ကြေးပေးခြင်း၊ ရွာထဲရှိ ပျူစောထီးအဖွဲ့၊ အရံမီးသတ်အဖွဲ့နှင့် ဒေသခံများအားစည်းရုံး၍ ခမရ(၅၉၃)တပ်ထဲတွင် သင်တန်းပေးရန်စီမံနေခြင်း များကြောင့် ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

အဆိုပါရှင်းလင်းမှုတွင် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ လုပ်ဆောင်ချက်သာဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် မသက်ဆိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်ကိုတွေ့ရသည်။