ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဒီနှစ်အတွင်းပြုလုပ်မယ့် ရွေးကောက်ပွဲက အကြမ်း ဖက်မှုတွေ ပိုမိုဖြစ်လာစေမယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာက ပြောကြားခဲ့ပြီး အဆိုပါ ရွေး ကောက်ပွဲကို ဆန့်ကျင်ရာမှာ စည်းလုံးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲက အကြမ်းဖက်မှုတွေကို ပိုဖြစ်လာစေနိုင်ပြီး ပဋိပက္ခကို တာရှည် စေကာ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ တည်ငြိမ်မှုကို ပိုခက်ခဲစေမယ်လို့ နိုလန်းဟေဇာက ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံက စစ်ကောင်စီရဲ့ ဘယ်လိုရွေးကောက်ပွဲကမဆို အတုအယောင်သာဖြစ်မယ်လို့ ပြော ကြားခဲ့ပေမယ့် စစ်ကောင်စီရဲ့မဟာမိတ် ရုရှားကတော့ ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီး တာ၊ အကျပ်ကိုင်တာနဲ့ အနှောင့်အယှက်ပေးတာတွေ ရှိနေချိန်မှာ ရွေးကောက်ပွဲပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ ရည် ရွယ်ချက်ကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီး က ပြောကြားခဲ့ပါတယ်။

ဒီလအတွင်း ပြဌာန်းခဲ့တဲ့ တင်းကျပ်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ စစ်ကောင်စီက နိုင်ငံရေး ပါတီတွေ ပြန်လည်မှတ်ပုံတင်ဖို့ အချိန်နှစ်လပေးထားပါတယ်။ လက်ရှိအခြေအနေအရ စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဖူးလို့ လေ့လာသူတွေက ဆိုပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြောင်းမဲ့ ထိန်းသိမ်းခံရသူတွေကို လွှတ်ပေးဖို့ စစ် ကောင်စီကို တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင် စီက ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆိုတာကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ သံတမန်ရေး ကြိုးပမ်းမှုတွေက မထိရောက်ခဲ့ပါဘူး။

နိုလန်းဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ဆယ်လအကြာမှာ နေ ပြည်တော်သို့သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံခွင့်မရခဲ့ပါဘူး။

ကိုးကား – AFP
Ref; UN urges international unity against Myanmar plans for polls, saying it will incite ‘greater violence’