ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီလ ၁ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် CDF-Matupi နှင့် စစ်ကောင်စီတပ်တို့အကြား ၂ နှစ်အတွင်း တိုက်ပွဲ ၁၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး CDF-Matupi ဘက်မှ ရဲဘော် ၂၄ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူကာ ၂၉ ဦး ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကြောခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း CDF-Matupi က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

CDF-Matupi နှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉၈ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် အပြစ်မဲ့ပြည်သူ ၁၈ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နွေဦးတော်လှန်ရေးကာလမှာ ကျွန်တော်တို့ခက်ခက်ခဲခဲနဲ့ ၂ နှစ်ဖြတ်သန်းလာခဲ့ပါပြီ။ ဒီနှစ်နှစ်အတွင်းမှာ CDF-Matupiနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၁၂၇ ဖြစ်ပွားခဲ့ပါတယ်။ CDF-Matupiဘက်က အကျအဆုံးရှိသလို ခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေလည်းရှိပါတယ်။ စစ်အာဏာရှင်ပျက်သုမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဆက်လက်ဝင်သွားမယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်ပေးမယ့် ခုနှစ်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့လည်း မိမိတတ်နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ CDF-Matupiကို တောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု CDF-Matupi ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို

ပြည်သူလူထုများအနေဖြင့် တော်လှန်ရေးကာလ မပြီးဆုံးသေးကြောင်းကို သတိပြု၍ တော်လှန်ရေးအင်အားစုများတွင် မိမိတို့စွမ်းဆောင်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြရန်နှင့် လုံးဝသွေးမအေးကြပါရန် CDF-Matupiက ထုတ်ပြန်ချက်တွင် အလေးအနက်တိုက်တွန်းထားသည်။