ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီလ ၁ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်များနှင့်အတူဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းဌာန များ၏ ဖော်ပြချက်အရသိရသည်။

လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDFတပ်ဖွဲ့တို့က ထန်တလန်မြို့၊ CB ဘဏ် အဆောက်အအုံထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ သေနတ် ၇ လက်၊ မော်တာဗုံးသီး ၈ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးရမိပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

#ထန်တလန်မြို့ #စစ်ကောင်စီတပ် #တပ်ဖွဲ့ဝင်၆ဦး #ဖမ်းဆီး#လေကြောင်း #ဗုံးကြဲတိုက်ခိုက် #Ayayarwaddy_Times