ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ် နဲ့ စစ်ကောင်စီ အဆင့်မြင့်တာဝန်ရှိသူတွေကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်အရေးယူပြီး ခရီးသွားလာခွင့် ပိတ်ပင် တယ်လို့ သြစတြေးလျနိုင်ငံက ကြေညာလိုက်ပါတယ်။

တိုင်းပြည်ကို နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးအကျပ်အတည်းအတွင်း သက်ဆင်းစေခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုမှာ ပါဝင်မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင် ၁၆ ဉီးကို ဒဏ်ခတ်အရေးယူတာလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် အရေးမယူတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေခံနေရတဲ့ သြစ တြေးလျနိုင်ငံက မြန်မာစစ်ကောင်စီအပေါ် ပထမဆုံးအကြိမ် ဒဏ်ခတ်အရေးယူလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနှစ်နှစ်ပြည့်မှာ သြစတြေးလျနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့တဲ့အထဲမှာ စစ် ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဉီးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့လည်း ပါဝင်ပါတယ်။

အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရေးနဲ့ လက်ရှိ အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖို့ သြစတြေးလျနိုင်ငံက နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ စစ်ကောင်စီကို ပြီးခဲ့သောနှစ်နှစ်အတွင်း ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုသို့တောင်းဆိုပေမယ့် စစ်ကောင်စီက အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာပြည်သူတွေအပေါ် ဒီမိုက ရေစီနဲ့ဆန့်ကျင်တဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“ဆန္ဒပြတာတွေ အပါအဝင် ဘယ်လိုနိုင်ငံရေးထုတ်ဖော်ချက်ကိုမဆို စစ်ကောင်စီက အကြမ်းဖက်ပြီး တုံ့ ပြန်ခဲ့ပါတယ်။ အကျဉ်းချခံ နှိပ်စက်ခံ သို့မဟုတ် သတ်ဖြတ်ခံခဲ့ရတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ထောင် နဲ့ချီတဲ့ အရပ်သားတွေ သတ်ဖြတ်ခံရတာ သက်သေပဲဖြစ်ပါတယ်” လို့ ပန်နီဝေါင်က ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းသောဆန္ဒပြသူတွေကို ပစ်သတ်တာလိုမျိုး အ ကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၂၉၀၀ ကျော် သေဆုံးခဲ့ပြီး ၁၃၆၀၀ ခန့် ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကား – La Prensa Latina
Ref; Australia announces sanctions against Myanmar military, officials