ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ်ပြုလုပ်တဲ့နေ့တွင် မိန်းလမ်းမပေါ်နှင့် စျေးတဝိုက်တွင် လူစည်ကားနေကြောင်း သိရသည်။

မြို့အဝင်အထွက်ဂိတ်တွင် ကျေားပိုအိတ် လွယ်ထားသူများနှင့် လူငယ်အချို့အား စစ်ကောင်စီတပ်သားများမှ ဖုန်းဖွင့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းဒေသခံများထံမှ သိရသည်။

“ညထဲက စစ်ဆေးရေး တင်ကြပ်နေတာပါ၊ ဆိုင်ကယ်တွေလည်း နောက်ဖုန်း ဖွင့်စစ်တယ်၊ ဖုန်းတွေလည်းစစ်နေတယ်ကြားတယ်၊ ဒီမနက်ကတော့ မြို့ထဲမှာ လူစည်နေတာပဲ၊ ပြောရရင် ပုံမှန်အခြေနေပါပဲ “ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ပန်းတနော်မြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ဆင်နွှဲကာ စစ်ကောင်စီအား သပိတ်မှောက်ကြရန် တိုက်တွန်းထားသော်လည်း ပန်းတနော်မြို့တွင် လူစည်ကားနေပြီး မြို့အဝင်ထွက်တင်ကြပ်ထားကာ မသင်္ကါသည့် လူငယ်များအား ဖုန်းများစစ်ဆေးနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်အာဏာသိမ်းသည့်နေ့ ၂ နှစ်ပြည့်နေ့အဖြစ် တော်လှန်ရေးအင်အားစုများမှ ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် တစ်ဖက်တွင် တပ်ထောက်ခံသူများမှလည်း စစ်ကောင်စီကို ထောက်ခံကြောင်း ပြုလုပ်ဖို့ လူစုနေကြောင်း သိရသည်။

#ပန်းတနော် #လူစည်ကား #မြို့ဝင်ဂိတ် #လူငယ် #ဖုန်းဖွင့်စစ်
#Ayeyarwaddy_Times