ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေက မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နှစ်နှစ်အကြာမှာ အခုလို အရေး ယူမှုတွေ ပြုလုပ်တာပါ။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ သမ္မတ ဉီးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုး ရခေါင်းဆောင်တွေကို ဖယ်ရှားခဲ့ပါတယ်” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာစစ်တပ်ဟာ ပြည်သူတွေရဲ့ သူတို့စိတ်ကြိုက် ခေါင်းဆောင်ရွေးချယ်ခွင့်ကို ငြင်းဆန်တဲ့ အကြမ်းဖက်မှုတွေ၊ နှိပ်ကွက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ဒီမိုကရေစီ တပ်ဖွဲ့တွေကို လေကြောင်းဗုံးကြဲမှုတွေ၊ အခြားတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပြီး မရေမတွက်နိုင်သော အရပ်သား တွေကို သတ်ဖြတ်ကာ အိုးအိမ်စွန့်ခွာစေခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူသူတွေထဲမှာ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့နေရာဆက်ခံသူ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ထွန်းအောင်လည်း ပါဝင်ခဲ့ပါတယ်။

ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ပြည်သူ့စစ်တွေကို လေ့ကျင့်ပေးမှု၊ ဘာ သာရေးလူနည်းစုတွေကိုဆန့်ကျင်တဲ့ ဝါဒဖြန့်ချိမှုတို့ကြောင့် လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေကိုလည်း ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

စစ်ကောင်စီစွမ်းအင်ဝန်ကြီး ဉီးမျိုးမြင့်ဉီး၊ မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ဉီးဆောင်ညွှန်ကြား ရေးမှူး ဉီးအောင်မင်း၊ အထွေထွေမန်နေဂျာ ဉီးသန်းမင်တို့လည်း ဒဏ်ခတ်အရေးယူခံရသူတွေမှာ ပါဝင်ပါတယ်။

“မြန်မာစစ်တပ်က ဒီမိုကရေစီ ရွေးကောက်ခံအစိုးရကို အင်အားသုံး ဖယ်ရှားပြီးနှစ်နှစ်အကြာမှာ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနဲ့အတူ အမေရိကန်နိုင်ငံက လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူ တွေနဲ့အတူ ဆက်လက်ရပ်တည်ပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ဘရိုင်ယန်အီးနယ်လ် ဆင်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာပြည်သူတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ရာမှာ ကြံ့ကြံ့ခိုင်နိုင် ကြောင်း ပြသခဲ့ပါတယ်။ အလားတူ အရေးယူမှုတွေပြုလုပ်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်။ ဒီမိုကရေစီရရှိ ရေး ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံဖို့ စစ်ကောင်စီအပေါ် ဆက်လက် ဖိအားပေးမှာဖြစ်ပါတယ်” လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မဲလာနီဂျိုလီက ပြောပါတယ်။

ကိုးကား – UPI
Ref; United States, Britain, Canada, Australia sanction Myanmar officials