ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ၄နှာရီခွဲအချိန်ခန့် တွင် သတင်းပေး(ဒလန်)တစ်ဦးကို မြို့ပြပြောက်ကျားအဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ် လမ်း၄၀×၈၂ ကြားတွင်နေထ်ုသည့် သတင်းပေး(ဒလန်) မြတ်သူ(ခ)တရုတ်ကြီးဆိုသူအား အောင်စည်တော်စစ်ဆင်ရေး ဒုတိယအကြိမ်အဖြစ် မြို့ပြပြောက်ကျားအဖွဲ့မှ ၎င်း၏ နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။
“သူက ရဲသတင်းပေး။ ပြည်သူတွေကို မတရားအဖမ်းခံရအောင်လုပ်ပြီး ငွေညစ်ဆပ်ကြေးတောင်းနေတဲ့ စစ်တပ်ဒေါက်တိုင်တစ်ဦးပါ။ အာ့ကြောင့် အောင်စည်တော်စစ်ဆင်ရေးအဖြစ် ရှင်းလင်းလိုက်တာပါ။ ကျတော်တို့က စစ်ကောင်စီ ဒေါက်တိုင်မှန်ရင် မည်သူကိုမဆို ရွေးချယ်ခွင့်မရှိ ရှင်းလင်းသွားမှာဖြစ်တယ်။ ပြည်သူတွေဘက်ကလဲ မတရားဖိနှိပ်သူမှန်သမျှကိုအချက်အလက်နဲ့တကွ သတင်းပေးပို့ကြပါ”ဟု အောင်စည်တော်စစ်ဆင်ရေးအဖွဲ့၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း အောင်စည်တော်စစ်ဆင်ရေး ပထမအကြိမ်အဖြစ် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးမြို့ပြပြောက်ကျားအဖွဲ့က သေနတ်ဖြစ် ရှင်းလင်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။