ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်

နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေကို ဆက် လက်ဖမ်းဆီးနေတာနဲ့အတူ အရပ်သားနေအိမ်တွေကို ဗုံးကြဲတာ၊ မီးရှို့တာတွေကြောင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရည်ရွယ်ချက်ကို စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်က ပြောကြားလိုက်ပါတယ်။

“မြန်မာပြည်သူတွေကို နိုင်ငံရေးအခွင့်အရေး လွတ်လပ်စွာ ကျင့်သုံးခွင့်မပြုတာကြောင့် အာဏာသိမ်းစစ် ကောင်စီရဲ့ ရွေးကောက်ပွဲက မတည်ငြိမ်မှုကို အခြေအနေပိုဆိုးလာစေပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်ဟာ စစ်တပ်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးကာ အာဏာသိမ်းတာ နှစ်နှစ်ပြည့်နေ့ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ကာ ရိုဟင်ဂျာတွေ အ ပါအဝင် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းနဲ့ အသိုင်းအဝိုင်းအားလုံးအတွက် ပြည်သူတွေရဲ့ ဒီမို ကရေစီလိုလားချက်ကို အားပေးတယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုတွေကြောင့် မြန်မာ့အကျပ်အတည်း အခြေအနေပိုဆိုးလာကာ ဒေသတွင်းမှာ ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေရှိလာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အပြင်းအထန် ရှုတ်ချတယ်လို့ ဒူဂျာရစ်က ပြောပါ တယ်။

မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ လိုအပ်ချက်ကို လေးစားသမှုရှိဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာရေး မြန် မာစစ်တပ်ခေါင်းဆောင်ပိုင်းကို တိုက်တွန်းဖို့ ဂူတာရက်စ်က အိမ်နီးချင်းတိုင်းပြည်တွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကို တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ NLD က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် မြန်မာစစ်တပ် က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရကိုဖြုတ်ချကာ အာ ဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တာဝန်ရှိသူတွေကို ထိန်းသိမ်းကာ ဆန္ဒပြပွဲတွေ ကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်လာပြီလို့ ကုလသမဂ္ဂက သတိပေးခဲ့ပါ တယ်။

ကိုးကား – Anadolu
Ref; UN chief concerned about Myanmar’s intention to hold elections amid violence, arrests