ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီး နှစ်နှစ်ကြာသည်အထိ ဒဏ်ခတ်မခံရဘဲ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ နှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ဆက်လက်ကျူးလွန်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့ ပြောကြားလိုက်ပြီး အာဏာသိမ်းမှုနှစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ရက်မတိုင်မီ ကမ္ဘာ့နိုင်ငံတွေက အရေးယူမှုတိုးမြှင့်ဖို့ တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃၀၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရပြီး ၁ ဒသမ သန်း အိုးအိမ်စွန့်ခွာခဲ့ရကာ ၁၃၀၀၀ ကျော် ထိန်းသိမ်းခံနေရပါတယ်။ လူလေးဉီးကို ကြိုးပေးကွက်မျက်ခဲ့ကာ လူ ၁၀၀ ထက်မနည်း သေဒဏ် ချမှတ်ခံခဲ့ရပြီး ကျောင်းမနေရတဲ့ ကလေးငယ် ၇ ဒသမ ၈ သန်း ရှိပါတယ်။
စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူမှန်သမျှအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားတွေ ကို ပစ်မှတ်ထားတဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် သတ်ဖြတ်မှုကြောင့် ကြောက်ရွံ့မှု၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
“မြန်မာ့အရေးကို ကမ္ဘာ့နိုင်ငံတွေရဲ့ အရေးယူမှုမရှိတာကြောင့် မြန်မာစစ်တပ်က တစ်နိုင်ငံလုံးမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နိုင်တာ မငြင်းနိုင်ပါဘူး။ စစ်တပ်ရဲ့ ရက်စက်မှုတွေ နေ့စဉ် ကြုံတွေ့နေရ တဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ရဲ့ အရေးယူမှု အရေးတကြီး လိုအပ်နေ တယ်ဆိုတာ အာဏာသိမ်းမှုနှစ်နှစ်ပြည့် အခမ်းအနားက မီးမောင်းထိုးပြသင့်ပါတယ်” လို့ AI ရဲ့ ဒေသဆိုင်ရာ ဒုတိ ယညွှန်ကြားရေးမှူး မင်ယုဟာက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မကြာသေးမီက မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကြိုဆိုပေမယ့် ကမ္ဘာ့အ စိုးရတွေအနေနဲ့ လုပ်ဆောင်စရာတွေ များစွာရှိပြီး ထိန်းသိမ်းခံရသူအားလုံး လွှတ်ပေးရေး မြန်မာစစ်တပ်ကို ပိုမို ဖိအားပေးရမယ်လို့ AI က ဆိုပါတယ်။
လက်နက်၊ ခဲယမ်းမီးကျောက်၊ နည်းပညာ၊ စစ်ရေးနဲ့ လုံခြုံရေးကိရိယာ၊ လေ့ကျင့်ရေး၊ အခြား အကူအညီ တွေ အပါအဝင် မြန်မာစ်တပ်အပေါ် လက်နက်တင်ပို့မှုပိတ်ပင်သင့်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဉပဒေ ချိုးဖောက်ရာမှာ အသုံးမပြုနိုင်ဖို့ လေယာဉ်ဆီတင်သွင်းမှု ပိတ်ပင်တဲ့ ထိရောက်သော လုပ်ထုံးလုပ်နည်းချမှတ်ချိန် အထိ မြန်မာစစ်တပ်သို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝှိုက်ဖြစ်စေ လေယာဉ်ဆီ ရောင်းချတာ၊ ပို့ဆောင်တာတွေ နိုင်ငံတ ကာနဲ့ ကုမ္ပဏီတွေက ရပ်ဆိုင်းရမယ်လို့ AI က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေက သည်းမခံနိုင်စရာပါ။ မြန်မာပြည်သူတွေဟာ ဇိမ်ခံချိန် တောင် မရှိပါဘူး။ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်တန့်ဖို့ အရေးယူတာ မလုံလောက် သေးပါဘူး” လို့ သူက ဆိုပါတယ်။
ကိုးကား – Amnesty International
Ref; Myanmar: Two years after coup, global action needed to halt military’s ‘nationwide assault on human rights’