ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင် လမ်းရှိ စိန်ဂေဟာ ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 3 အဆင့်ဖြင့် ငြိမ်းသတ်ခဲ့ရပြီး ၃ နာရီကျော်ကြာ လောင်ကျွမ်းခဲ့ခြင်းကြောင်း မီးသတ်တပ်ဖွဲ့ထံကသိရှိရသည်။

“ဖြစ်စဉ်ကို 191 Report Application ကနေ ဆက်သွယ်အကြောင်းကြားလာတာပေါ့။ Level 3 အဆင့်သတ်မှတ်ပြီး ငြိမ်းသတ်ခဲ့ရပါတယ်။ အပေါ်ထပ်တစ် ထပ်လုံးဆိုပါတော့။ ၃ နာရီကျော်ကြာတယ်။ စလောင်တာက ည ၇ နာရီကျော်လောက်နေ ၁၀ နာရီကျော်မှာ မိးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အထိအခိုက်တော့မရှိပါဘူး” ဟု ရန်ကုန် မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြော သည်။

လှိုင်သာယာ စိန်ဂေဟာသည် အရောင်းစင်တာ ၃ ထပ်ရှိသည့်ဈေး၀ယ်စင်တာတစ်ခုဖြစ်ပြီးမီးလောင်ကျွမ်း ခဲ့သည့် အပေါ်ဆုံးထပ်သည် အိမ်ပရိဘောဂများ၊ အား ကစားနှင့် လျှပ်စစ်ပစ္စည်းများရောင်းသည့် အလွှာဖြစ်ကာ အပေါ်ဆုံးထပ်ရှိဆိုင်ခန်းအားလုံးနီးပါးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုတွင် ဆုံးရှုံးခဲ့ရသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှ “ဘယ်လိုကြောင့် လောင်တယ်ဆိုတာတော့ မသိရ သေးဘူး။ ဘာမှရစရာကိုမရှိတော့ဘူး။ အကုန်လောင်သွားတာ”ဟု ဆိုသည်။

မီးလောင်မှုကြောင့် အဆောက်အဦအား ပြန်လည်မွမ်းမံပြုပြင်ရန်အတွက် လှိုင်သာယာစိန်ဂေဟာဆိုင်ခွဲကို ယာ ယီပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးကြောင်း စိန်ဂေဟာမှ တာ၀န်ရှိသူတစ်ဦးမှ ပြောသည်။

#လှိုင်သာယာ #စိန်ဂေဟာ #မီးလောင်မှု #ယာယီပိတ်သိမ်း #Ayeyarwaddy_Times