ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို PDF တပ်ဖွဲ့ဝင်တွေ ပြန်ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီ တပ်သားတွေက ဇန်နဝါရီလ တတိယပတ်ကစတင်ပြီး ကင်းပုန်းဝပ်စောင့်ဖမ်းဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။

ပုသိမ်မြို့ရဲ့ လူစည်ကားတဲ့နေရာတွေနဲ့ မြို့ဝင်ထွက် ဂိတ်နားအပြင် မိုးလေဝသလမ်းဆုံတွေမှာ ကင်းပုန်းဝပ် တာတွေပြုလုပ်နေတာလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ သတင်းကတော့ဘယ်ကဘယ်လိုကြားလည်းမသိဘူး၊ စစ်သားရော ရဲရော ကင်းပုန်းဝတ်နေရတာ၊ ညဘက် လှည့်ကင်းပတ်ရတာကတော့ ကြာပါပြီ၊ ကင်းပုန်းဝပ်တာတော့ ခုတစ်လောမှပြန်စတာ”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ပြန်ဝင်လာတယ်ဆိုတဲ့ သတင်းက မသေချာပေမယ့် စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကို တိုင်းမှူးက ဖိအားပေးပြီး ဖမ်းခိုင်းထားတာလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ထောက်တိုင်နဲ့ ရုံးဌာနတွေကို တော်လှန်ရေး အင်အားစုတွေက ပစ်ခတ်တိုက်ခိုက်တာတွေမရှိသေးပေးမယ့် အကြောက်လွန်ပြီ ခုလိုမျိုး ကင်းပုန်းဝတ်တာတွေ ပြုလုပ်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#ပုသိမ် #PDF #စစ်ကောင်စီ #ကင်းပုန်းဝပ်
#Ayeyarwaddy_Times