ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
မြန်မာစစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာမှာ မြန်မာနိုင်ငံဟာ ကပ်ဘေးတစ်ခုအဖြစ် ပြောင်း လဲသွားခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက သတိပေးခဲ့ပြီး အရပ်သားအုပ်ချုပ်မှုပြန်သွားဖို့ မြန် မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနယ်ပယ်မှာ အကြီးအကျယ် ချိုးဖောက်ခံနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အ ရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အရပ်သားတွေကို ကာကွယ်ပေးရမယ့်တာဝန် စစ်တပ်မှာရှိပေမယ့် သက်ဆိုင်ရာ နိုင်ငံတကာဥပဒေကို ပမာမခန့်ပြုလုပ်တာတွေရှိခဲ့ပါတယ် လို့ သူက ဆိုပါတယ်။
အရပ်သားတွေဟာ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ အလွန်အကျွံသတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပန်းတာနဲ့ ရွာလုံးကျွတ်မီးရှို့ခံရတာတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ် လို့ ဗော်လ်ကာက ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ မဟာမိတ်တွေရဲ့လက်အတွင်း ပြည်သူ ၂၈၉၀ ဉီး သေဆုံးခဲ့တယ်လို့ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။
မြန်မာစစ်တပ်က တိုင်းပြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်ပိုင်းနဲ့ အခြားလူ ၁၆၀၀၀ ကျော်ကို အကျဉ်းချခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၁ ဒသမ ၂ သန်း စစ်ဘေးရှောင်ဖြစ်လာခဲ့ပြီး ၇၀၀၀၀ ကျော် တိုင်း ပြည်ကို စွန့်ခွာခဲ့တယ်လို့ သိရပါတယ်။
သွေးထွက်သံယိုမှုတွေ အဆုံးသတ်ပြီး လူသားချင်းစာနာမှု အကူအညီပေးအပ်ခွင့်ပြုမယ်လို့ အာဆီယံအ ဖွဲ့နဲ့ သဘောတူထားတဲ့ အစီအစဉ်တစ်ရပ်ကို အာဏာသိမ်းစစ်ကောင်စီက မလိုက်နာခဲ့ဘူးလို့ သူက ဆိုပါတယ်။
ထို့ကြောင့် အကြမ်းဖက်မှုတွေ အထိန်းအချုပ်မဲ့လာပြီး လူသားချင်းစာနာမှု အကူအညီပေးအပ်တာကို ဆိုး ရွားစွာ ကန့်သတ်ခဲ့တယ်လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် နေ့စဉ် တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအ တွက် တာဝန်ရှိသူတွေက တာဝန်ခံရမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – AFP
Ref; Two years after Myanmar coup, UN says situation catastrophic