ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
ယူကရိန်းနိုင်ငံက အနောက်မဟာမိတ်တွေထံမှ လက်နက်တွေမရမီ ရုရှားတပ်ဖွဲ့တွေက နယ်မြေပိုင်စိုးမှုရ ရှိအောင် ကြိုးပမ်းနေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ စစ်မြေပြင်မှာ သိသာတဲ့ နယ်မြေသိမ်းပိုက်မှု မလုပ်ဆောင်နိုင်ဘူးလို့ ဗြိတိန် ကာ ကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကို ကူညီဖို့ တိုက်ပွဲဝင်တင့်ကားတွေ ပေးပို့မယ်လို့ ဂျာမနီ၊ အမေရိကန်နဲ့ အခြားနိုင် ငံတွေက ကတိပြုပြီးနောက် အကျိုးဆက်တွေရှိလာမယ်လို့ ရုရှားခေါင်းဆောင်တွေက သတိပေးခဲ့ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်မှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံတစ်ဝန်းရှိ ဓာတ်အားပေးစက်ရုံတွေ၊ အရပ် ဘက်ပစ်မှတ်တွေကို ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၁ ဉီးထက်မနည်း သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ က စစ်ရေးရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုကြောင့် နေတိးအဖွဲ့က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ခဲယမ်းတွေ အပါအဝင် လက်နက်ပို့ဆောင်မှု ဖရိုဖရဲဖြစ်သွားခဲ့ပါတယ် လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အိုင်ဂေါ ကိုနာရှန်ကော့ဗ်က ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက်မှု အရှိန်အဟုန်ရနေပြီဆိုတဲ့ သတင်းအမှားတွေ ဖြန့်နေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တပ်ဖွဲ့တွေက လက်နက်သစ်တွေအသုံးပြုရေး အသင့်ဖြစ်ဖို့ ယူကရိန်းခေါင်းဆောင်တွေက အလိုရှိနေပြီး လေ့ကျင့်မှုသင်တန်းတွေ စတင်ဖို့ တပ်ဖွဲ့တွေကို ဗြိတိန်နိုင်ငံသို့ စေလွှတ်နေပါတယ်။
ရုရှားတပ်ဖွဲ့တွေကို ပြန်လည်မောင်းထုတ်ဖို့ အနည်းဆုံး တင့်ကား ၃၀၀ မှ ၅၀၀ အထိ လိုအပ်တယ်လို့ ယူ ကရိန်းသမ္မတ ဇီလန်စကီးက ဇန်နဝါရီလ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Russian missiles strike Ukraine as Kyiv awaits tanks