ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၈ ရက်
တရုတ်နိုင်ငံမှ တူးဖော်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) မနက်ပိုင်းတွင် စီမံကိန်းအနီးရှိ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် လက်ပံတောင်းဒေသခံ ၃၀၀၀၀ ကျော် နေအိမ်ကျေးရွာများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းက ဝမ်ပေါင်ကုန်မ္မဏီကနေ ညောင်ပင်ကြီးရဲစခန်းမှာ ဝင်ရောက်စခန်းချလာတဲ့စစ်ကြောင်းနဲ့ ဆားလင်းကြီးမြို့ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ ရွာတွေကို ဝင်ရောက်စီးနင်းလာခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
”စစ်ကြောင်းအင်အားကများတယ်ဗျ ဇန်နဝါရီလ ၂၇ ရက်နေ့ညက ဝမ်ပေါင်ကုန်မ္မဏီကနေ ညောင်ပင်ကြီးရဲစခန်းမှာ ဝင်ရောက်စခန်းချလာတဲ့စစ်ကြောင်းနဲ့ ဆားလင်းကြီးမြို့ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ ရွာတွေကို ဝင်ရောက်စီးနင်းလာတာဖြစ်တယ်”ဟု ဓားမဆိုင်းတပ်မှ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်မှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ညောင်ပင်ကြီးကျေးရွာဘက်က စစ်ကြောင်းက ကျေးရွာတွေထဲကို သေနက်တွေ ပစ်ခက်ပြီးဝင်လာသဖြင့် ကံတောရွာ၊ ရွှေလှေရွာ၊ တုံရွာ၊ ဆည်တည်းရွာ ဇီးတောရွာနှင့် ဖောင်ကတာရွာက ဒေသခံ စုစုပေါင်း ၃၀၀၀၀ ကျော်အထိဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဟုဆိုသည်။
လက်ပံတောင်းတောင် ကြေးနီးတူးဖော်ရေးလုပ်ဆောင်နေသည့် တရုတ်ဝမ်ပေါင်ကုမ္မတွေအနီးရှိကျေးရွာတွေ ကိုအကြိမ်ကြိမ် ဝင်ရောက်စီးနင်းမှု့တွေကို ဝမ်ပေါင်ကြေးနီစီမံကိန်းစိုက်ထဲက စစ်ကြောင်းကပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
စစ်ကောင်စီတပ်သားတွေဝင်ရောက်တပ်စွဲထားသည့် ဝမ်ပေါင်ကုမ္မဏီ အတွင်းသို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့များမှ တာဝေးပစ်လက်လုပ် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခက်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းတာတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေနေရတာဖြစ်ကြောင်း စစ်ဘေးရှောင်ဒေသခံများထံမှသိရသည်။
#လက်ပံတောင်းတောင် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေးတိမ်းရှောင်နေရ
#Ayeyarwaddy_Times