ဧရာဝတီတိုင်းမ်
(မင်းကင်း)ဇန်နဝါရီ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အခြေစိုက်ဖြစ်သည့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၅ မှ ဒဏ်ရာရရဲဘော်များအတွက် ကုသပေးဖို့ ဆေးဝါးများအခက်ခဲတွေ့ ကြုံနေရကြောင်းသိရသည်။

အဆိုပါ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၅ မှာ ထိခိုက်ဒဏ်ရာရ ရဲဘော်များနှင့် ကျမ်းမာရေးမကောင်းသည့် ရဲဘော်များကို ဆေးဝါး ကုသပေဖို့ ဆေးဝါးများမလုံလောက်တာကြောင့် သက်တမ်းလွန်ဆေးဝါးများပါ ပြန်လည်အသုံးပြုနေရတာ ဖြစ်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်များကပြောသည်။

“ဆေးဝါးတွေက အရင်လိုဝယ်မရတော့ဘူးဗျ။ ရှိတဲ့ဆေးဝါးတွေကလည်း ကျန်တဲ့အဖွဲ့တွေကတဆင့် ပြန်လှူကြတာဆိုတော့ ဒိတ်လွန်နေတဲ့ ဆေးဝါးတွေအတော်များများပါတယ်။ အခုဆို သွေးတိတ်ဆေးတောင်မှ ၅ လုံးပဲရှိထားပါတယ်” လို့ People Defence Force Taung Dwin Region-Mingin တပ်ဖွဲ့မှ ဆေးမှူး ကိုဘမြိုင်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဆေးဝါးအပြင် ရိက္ခာ နှင့် ကြိုပွိုင့် ဖိနပ်များပါလိုအပ်လျှက်ရှိနေကြောင်း မင်းကင်းမြို့နယ် DTPDF တပ်ရင်း ၅ မှ ရဲဘော်များမှ ဆက်လက်ပြောသည်။

ထို့ပြင် မင်းကင်းမြို့နယ် တပ်ရင်း ၅ အနေဖြင့် တော်လှန်းရေးကာလအတွင် ပြောက်ကျားတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၂၀ ကျော်ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်အထိ ရှင်းလင်းနိုင်ခဲ့ကြောင်း People Defence Force Taung Dwin Region-Mingin တပ်ဖွဲ့ဝင်များကပြောသည်။
#Ayeyarwaddy_Times