ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့ အင်းရဲလမ်းဆုံ က ရဲကင်းအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ကျုံပျော်မြို့ ၊ အင်းရဲလမ်းဆုံရှိ “ဒို့မိသားစု” ဆောက်လုပ်ရေးပစ္စည်းဆိုင်အနီးမှာ ရဲကင်းပြုလုပ်ထားပြီး ရဲနဲ့ ယာဥ်ထိန်းတပ်ဖွဲ့ နေ့စဥ် ၃ ဦး အနည်းဆုံးရှိနေတတ်ပြီး ဗုံးပေါက်ကွဲခဲ့ချိန်မှာတော့ ရဲတပ်ဖွဲ့၀င်တစ်ဦးသာရှိနေပြီး ဒဏ်ရာရရှိသွားတာလို့ ဒေသခံတွေကပြောပါတယ်။
“အဲ့လမ်းဆုံမှာ ရဲကင်း အသေးလေးပဲ။ ဗုံးကတော်တော်ပြင်းတယ်။ သဲအိတ်တွေတောင် လွင့်ကုန်တယ်။ ရဲတစ်ယောက်ကတော့ လဲပြီးသွေးတွေအများကြီးထွက်နေတာတွေ့တယ်။ သူကိုင်တဲ့သေနတ်လဲပျက်စီးသွားတယ်လို့ပြောတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြင်းထန်ဒဏ်ရာရရှိသွားသူရဲတပ်ဖွဲ့၀င်မှာ ကျုံပျော်မြို့နယ် ၊ အထောင်၊ သောင်ကြီး ဒေသတွင်နေထိုင်သူဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က လှေဆွဲကျေးရွာအတွင်းဒေသခံပြည်သူများအား အ ကြမ်းဖက်ပစ်ခတ်ခဲ့မှုတွင် ပါဝင်သူဖြစ်တယ်လို့ သိရပါတယ်။
ဗုံးထိမှနိသွားတဲ့ရဲတပ်ဖွဲ့၀င်ကိလက်ရှိမှာကျုံပျော်ဆေးရုံကိုပို့ဆောင်ထားရပြီး ခုလိုဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ကျုံပျော်မြို့နယ်မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကသတင်းထုတ်ပြန်မှုမပြုလုပ်သေးပါ။