ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်တွင် အင် အားဖြည့်တင်းရန်လာသည့်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့က PDF ပူးပေါင်း အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF မှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲအချိန်တွင် နတ်တလင်းမြို့၊ တောင်ညိုဆည်အထက်ပိုင်းရှိ ဘိုကြီးစခန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ သို့ ထပ်မံအင်အားဖြည့်တင်းရန် လာသည့်စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မကျီးပင်စက်လှေဂိတ်ကနေ တက်လာတဲ့ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက် ခိုက်ခဲ့တာပါ။ တိုက်ခိုက်တော့ နောက်ပြန်လှည့်သွားကြတယ်။ ၄ ယောက်ကနေရာတင်သေတယ်၊ ၆ ယောက်က ထိခိုက်ဒဏ်ရာရတယ်။ ပြောရရင်တစ် ၀က်လောက် ထိတဲ့သဘောပဲ”ဟု တပ်ဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာ၀တီခရိုင် PDF တပ် ရင်း (၃၈၀၁) တပ်ခွဲ (၁) Zigon PDF၊ တပ်ခွဲ (၂) Phoenix၊ တပ်ခွဲ (၃) နတ်စစ်သည်နှင့် တပ်ခွဲ (၄) MRF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။