ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်

ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်မယ့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်ဖို့ M3 လုပ်ကွက်မှ အရင်းအမြစ်တွေကို အသုံးပြုမယ့် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဖော်ဆောင်တာ ရွှေ့ဆိုင်းလိုက်တာလို့ ဗန်ကောက်ပို့စ်သတင်းတစ်ရပ်အရ သိရပါ တယ်။

အဲဒီစီမံကိန်းမှာ အောင်ဆင်ခံလို့ အမည်ပေးထားတဲ့ ဓာတ်ငွေ့လုပ်ကွက်၊ ၆၀၀ မီဂါဝပ်ရှိတဲ့ စွန့်ပစ်အပူ သုံး ဓာတ်အားပေးစက်ရုံး၊ ကီလိုမီတာ ၃၇၀ ရှိတဲ့ ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုနဲ့ ဓာတ်အားပေးလိုင်းတစ်ခု ပါဝင်ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ဆက်စပ်နဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ ဒဏ် ခတ်အရေးယူတာတွေ ပြုလုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားတယ် လို့ PTTEP က ပြောတယ်လို့ ဗန်ကောက်ပို့စ်သတင်းစာက ဇန်နဝါရီလ ၂၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှု ထက်ဝက်နဲ့ ထိုင်းနိုင်ငံရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးကို PTTEP က ထုတ် လုပ်တာကြောင့် အခုဆုံးဖြတ်ချက်ကြောင့် ဒေသခံတွေ မထိခိုက်ပါဘူး လို့ PTTEP အမှုဆောင်ချုပ် မွန်ထရီရာဝမ် ချိုင်ကူးလ်ကို ကိုးကားပြီး ဗန်ကောက်ပို့စ်သတင်းစာက ပြောပါတယ်။

စီမံကိန်းမိတ်ဖက် Mitsui Oil Exploration Company Limited (MOECO) ကိုယ်စား PTTEP က M3 လုပ်ကွက်မှာ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

ကိုးကား – Energy Voice
Ref; PTTEP delays $2bn M3 gas development in Myanmar