ဧရာဝတီတိုင်းမ်
ဇန်နဝရီလ ၂၆ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဂွေးကုန်းရွာမှ ရွာမှာ ညအိပ် ချက်ပြုပ်စားသောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၂၅ ရက် နံနက် ၅ နာရီဝန်းကျင်တွင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက ထံကသိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဂွေးကုန်းရွာ ဘုန်း ကြီးကျောင်းမှာတပ်စွဲ ချက်ပြုတ်စားသောက်နေချိန် လက်နက်ကြီးနဲ့ ၅ ချက်ပစ်ခတ်ခံရလို့ အစား အသောက်တွေထားခဲ့ပြီး ဝဲတူးရွာ ဘက်ကိုထွက်ပြေးသွားတယ်လို့ ဘာမထီလက်နက်ကြီး ပြောက်ကျား တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

“စစ်ကြောင်းက ရိက္ခာလာပို့တဲ့ စစ်ကြောင်းဗျ၊ ဂွေးကုန်းဘုန်းကြီးကျောင်းမှာတပ်စွဲပြီးချက်ပြုတ်နေတုန်း လက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာဘဲ ဒီကောင်တွေ စားရင်းသောက်ရင်း ထွက်ပြေးကြရတယ်” လို့ ​ဘာမထီလက်လက်နက်ကြီးပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအား မသိရသေးဘဲ ထိခိုက်မှုတချို့ရှိတယ်လို့ ၄င်းကဆက်လက်ပြောပါတယ်။