ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက စက်လှေတိမ်းမှောက်မှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး ၈ ဦးပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ပုသိမ် – ရန်ကုန် ကားလမ်းဘေး အမှတ် ၃ တူးမြောင်းမှာ စက်လှေမောင်းနှင်လာစဉ် နေ့လည် ၁၁ နာရီလောက်မှာ တိမ်းမှောက်ပြီး စက်လှေပေါ်လိုက်ပါလာတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပြီး အဲ့အထဲမှာ ကလေး ၂ ဦးပါဝင်နေတာ လို့ ဆိုပါတယ်။
စက်လှေတိမ်းမှောက်မှုကို ဆားမလောက်နယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီ ကယ်ဆယ်ခဲ့ရာ ၁၂ နာရီခွဲအချိန်မှာ ကလေးငယ်မိန်းကလေး ၁ ဦးအလောင်းနဲ့ ကျန်တဲ့သူတွေကို ပြန်လည်ရှာ ဖွေတွေ့ရှိပြီး ကလေးငယ်ယောင်္ကျားလေး ၁ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေပြီး သေဆုံးသွားတဲ့ ကလေးငယ်ကို ဆားမလောက်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။