ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်

မြန်မာနိုင်ငံသို့ စစ်လက်နက်များ ရောင်းချမှုကြောင့် တရုတ်နဲ့အိန္ဒိယနိုင်ငံနှ ကုမ္ပဏီနှစ်ခုကို နော်ဝေ ဓန သဟာရရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ပယ်ဖျက်လိုက်တယ်လို့ နော်ဝေ ဗဟိုဘဏ်က ပြောပါတယ်။

တရုတ်နိုင်ငံမှ AviChina Industry & Technology နဲ့ အိန္ဒိယနိုင်ငံမှ Bharat Electronic တို့ဟာ အပြည် ပြည်ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ကာ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေတာဟာ လက်ခံနိုင်စရာမ ရှိတာကြောင့် အခုလို အရေးယူလိုက်တာလို့ နော်ဝေ ဗဟိုဘဏ်က ဆိုပါတယ်။

လတ်တလောစာရင်းဇယားတွေအရ ၂၀၂၁ ခုနှစ်နှစ်ကုန်မှာ အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးရှိတဲ့ ဓနသဟာရရန်ပုံငွေမှာ တရုတ်ကုမ္ပဏီက ဒသမ ၃၇ ရာခိုင်နှုန်းနဲ့ အိန္ဒိယကုမ္ပဏီက ဒသ မ ၃၂ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့သောနှစ်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းခဲ့တဲ့ မြန်မာ စစ်တပ်သို့ တရုတ်နိုင်ငံမှ AviChina ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အပေါ့စား တိုက်လေယာဉ်တွေ ပေးပို့ခဲ့ တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှ Bharat Electronics ကုမ္ပဏီကလည်း ၂၀၂၁ ခုနှစ် ဇူလိုင်မှာ မြန်မာနိုင်ငံသို့ အဝေးထိန်း စနစ်သုံး စစ်လက်နက်တွေ ပေးပို့ခဲ့ပါတယ်။

နော်ဝေဗဟိုဘဏ်က တရုတ်နဲ့အိန္ဒိယနိုင်ငံမှ ကုမ္ပဏီတွေအပေါ် အခုလိုအရေးယူတာဟာ ရန်ပုံငွေအဖွဲ့ ရဲ့ကျင့်ဝတ်ဆိုင်ရာလိုက်နာရမယ့်အချက်တွေကို ချိုးဖောက်တဲ့အပေါ် အခြေခံဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – The Hindu
Ref; Norway fund drops China, India firms over Myanmar weapons