
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့် ၊ သဘော့ငူကျေးရွာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်ပြောဆိုပြီး စစ်မှုထမ်းဆောင်ခိုင်းသူ လူငယ်နှစ်ဦးမှာ ရှေ့တန်း တိုက်ပွဲတွင်သေဆုံးသွားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
အဆိုပါ သဘော့ငူကျေးရွာအုပ်စု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးမှာ ဦးကျော်တင့်ဝေဖြစ်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ပူးပေါင်းကာ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
“ရွာထဲကလူငယ်နှစ်ယောက်လည်း သူတို့ရဲ့ဖိအားနဲ့ စစ်တပ်ထဲအတင်းထဲလိုက်ပီးနောက် ရှေ့တမ်းတစ်နေရာမှာပဲ သေသွားတယ်။ သူတို့ကို မပြောရဲလို့သာခေါင်းငုံခံနေရတာပါ။ ပိုက်ဆံစုလဲ စစ်သားတွေခေါ်လာပီးတောင်းတယ်၊ ပြည်သူတွေရဲ့ ရင်ထဲမှာမကျေနပ်ချက်တွေကများနေပါပြီ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြေသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်တင့်ဝေနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့သည် နေအိမ်တိုင်းကို လစဥ် ကျပ်ငွေသုံးသောင်း တောင်းယူသည့်အပြင် သက်ကြီးရွယ်အိုများ၏ နေအိမ်များကိုလည်း ငွေတောင်းယူကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် စစ်မှုထမ်းများ ဝယ်ယူရမည်ဟုဆိုကာ တောင်ယူသည့်ငွေမှာ သဘော့ငူကျေးရွာအုပ်စုတွင်အတွင်း လစဉ် ကျပ်ငွေ သိန်းတစ်ရာ့ရှစ်
ဆယ် ဝန်းကျင်အထိကောက်ခံကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်ရှိပြီး စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ကျေးရွာပြည်သူ့စစ်၊ ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်နှင့် လူများဝယ်ယူရန်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြပြီး လက်ရှိအချိန်ထိ ငွေတောင်းယူလျက်ရှိကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။