ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ ဆော – ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသဖြင့် အဆိုပါလမ်းပိုင်းအား အသုံးမပြုရန် ဂန့်ဂေါခရိုင်PDF တပ်ရင်း ၁၃ The Youth Force (Saw & Kyaukhtu) တပ်ဖွဲ့က ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့ညပိုင်းတွင်ထုတ် ပြန် သည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းသည် ယမန်နေ့ညပိုင်းက အဆိုပါလမ်းပိုင်းပေါ်ရှိ ကြံတောရွာ အနီးရောက်ရှိနေပြီး ဆောဘက်သို့ စစ် ကြောင်းထိုး လာနိုင်သောကြောင့် အဆိုပါ လမ်းပိုင်းအား မလိုအပ်ဘဲ ခရီးသွားလာခြင်းမျိုးမပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း၊ ရန်ကုန်-မော်လမြိုင်-ကော့သောင်းပြည်ထောင်စုလမ်းမကြီး၊ မြိတ် – တနင်္သာရီလမ်းပိုင်းအသုံးပြုနေသည့် ခရီးသွားများအနေဖြင့် လိုက်နာရမည့်အချက်များကို တနင်္သာရီ PDF က ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းအား အသုံးပြုနေသည့် လူနှင့်ကုန်တင်ကားများအနေဖြင့် ကောင်စီယာဉ်တန်းများနှင့်အနီးကပ်သွားလာခြင်းမပြုရန် ၊ ယာဉ်များမှန်တံခါးများဖွင့်မောင်းနှင်ကြရန် ၊ ယာဉ်အား အမိုးအကာအပြည့်အုပ်ထားခြင်းမပြုရန် ၊ တော်လှန်ရေးအဖွဲ့များမှ လုံခြုံ ရေးအရ စစ်ဆေးမှု့များပြုလုပ်ပါက ကြည်ဖြူစွာ ပူပေါင်းပါဝင်ဆောင်ရွက်သွားကြရန် နှင့် ည ၇ နာရီမှ နံနက် ၅ နာရီအထိ ခရီးသွားလာခြင်း မပြုရန် ဟု တနင်္သာရီ PDF ကဆိုသည်။

လမ်းပိုင်းအသုံးပြုသူခရီးသွားများအနေဖြင့် ဖော်ပြပါအချက်များအား တိကျစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်ထွန်ထုတ်ပြန်ထားသည်။