ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်
ဟောင်ကောင်အလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစ်စင်း ဂျပန်နဲ့ တောင်ကိုရီးယားကြား ရေပိုင်နက် မှာ နစ်မြှုပ်ပြီးနောက် အမှုထမ်းနှစ်ဉီး သေဆုံးကာ ကိုးဉီး ပျောက်ဆုံးနေတယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါ တယ်။
Jin Tan လို့ အမည်ပေးထားတဲ့ ကုန်တင်သင်္ဘောပေါ်ပါ အမှုထမ်း ၂၂ ဉီးအနက် ၁၃ ဉီးကို ရှာဖွေရာမှာ ဂျပန်နဲ့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်လေယာဉ်တစ်စင်းနဲ့ ပုဂ္ဂလိကရေယာဉ်တစ်စင်း ပူးပေါင်းခဲ့ တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူ သင်္ဘောအမှုထမ်းနှစ်ဉီးက တရုတ်နဲ့မြန်မာမှဖြစ်ပြီး ကယ်ဆယ်ခဲ့သူတွေ၊ ပျောက်ဆုံးနေသူ တွေက ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သူက ဆိုပါတယ်။
အဆိုပါကုန်တင်သင်္ဘောက ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် ဂျပန်နိုင်ငံအနောက် တောင်ပိုင်း ဒန်ဂျိုကျွန်းစုရဲ့ အနောက်ဘက် ကီလို မီတာ ၁၁၀ ခန့်အကွာမှာဖြစ်တာကြောင့် ရောက်ရှိဖို့ ခက်ခဲစေခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ဆီးနှင်းထူထပ်စွာ ကျရောက်နေပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရာ အနီးဆုံးဧရိယာဝန်းကျင်မှာ နေ့အပူ ချိန်က ၃ ဒီဂရီစင်တီဂရိတ်သာရှိချိန်မှာ ကုန်တင်သင်္ဘော နစ်မြှုပ်ခဲ့တာလို့ သိရပါတယ်။
တန်ချိန် ၆၆၅၁ ရှိသော ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘောရဲ့အမည်က Jin Tan လို့ ပေးထားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။ ကုန်တင်သင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား ၁၄ ဉီးနဲ့ မြန်မာနိုင်ငံမှရှစ်ဉီး ပါရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ်ကလည်း အမှုထမ်း ၄၃ ဉီးနဲ့ ကျွဲ၊ နွားကောင်ရေ ၆၀၀၀ တင်ဆောင်လာတဲ့ ကုန်တင် သင်္ဘောတစ်စင်း ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကမ်းလွန်မှာ တိုင်ဖွန်းမုန်တိုင်းမိပြီး နစ်မြှုပ်ခဲ့ဖူးပါတယ်။
ကိုးကား – TRT World
Ref; Two dead, nine missing after HK-flagged ship sinks between Japan, S Korea