ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်

တတိယမြောက် ချားလ်ဘုရင်ရဲ့ မေလ ၆ ရက်မှ ၈ ရက်အထိ ပြုလုပ်မယ့် နန်းတက်ပွဲအခမ်းအနား အ သေးစိတ်အစီအစဉ်ကို ဘတ်ကင်ဟမ်နန်းတော်က ကြေညာလိုက်ပြီဖြစ်ပါတယ်။

ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲအခမ်းအနားကို ကြည့်ရှုဖို့ ထောင်ပေါင်းများစွာသောပြည်သူတွေ လန်ဒန်မြို့ တော်ကို လာရောက်မယ်လို့ မျှော်မှန်းရကြောင်း ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီးဌာနက ပြောပါတယ်။

ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားလိုမျိုး ကမ္ဘာတစ်ဝန်းမှ အရေးပါသော နိုင် ငံ့ခေါင်းဆောင်တွေက ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက ခရီးသွားလာရေး စီစဉ်ဖို့ အချိန်ပိုရတာကြောင့် ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲအ ခမ်းအနားက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးရဲ့ ဈာပနပွဲ ထက် ပိုစည်ကားပြီး ကြီးကျယ်ခမ်းနားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှ ခေါင်းဆောင်တွေက ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲအခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားချက်ကို လက်ခံရရှိပြီးဖြစ်ပါတယ်။

ဒါပေမယ့် ရုရှား၊ ဘီလာရုစ်၊ မြန်မာ၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို တတိယ မြောက် ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲအခမ်းအနားသို့ မဖိတ်ကြားခဲ့သလို အီရန်၊ မြောက်ကိုရီးယားနဲ့ နီကာရာဂွာနိုင် ငံတွေမှ သံအမတ်ကြီးအဆင့်တွေကို ဖိတ်ကြားထားပါတယ်။

ကိုးကား – The Star
Ref; Russia and Myanmar among countries not invited by Buckingham Palace for King Charles III’s coronation