ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း ထောက်ပို့ထွက်လာသည့် စစ်ကောင်စီတပ်အားယမန် နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။

မြို့သာမှ ထောက်ပို့ထွက်လာသည့် စစ်ကောင်စီတပ် ဆိုင်ကယ် ၂ စီးနှင့်ကား ၁စီးအား တောင်လယ်တောရွာနှင့် ရွာသာရွာကြားတွင် ပဒေသာမိုင်း ၆ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ဒီကောင်တွေကထောက်ပို့ထွက်လာတာပါ ဆိုင်ကယ် နှစ်စီး နဲ့ကားတစ်စီး၊ ကျနော်တို့က ဆိုင်ကယ် ၂ စီးကို မခွဲဘဲ စခ ၁၀ ယောက်ကျော်ပါတဲ့ကားကိုပဲခွဲလိုက်တာပါ။ သေတာကတော့ ၃ ယောက် ကျန်တာက တော့အထိနာတယ်။ကျနော်တို့အနေနဲ့လည်း မန္တလေး တိုင်းအတွင်တိုက်ခိုက်မှု့တွေကိုမဟာမိတ်တွေနဲ့ပေါင်းပြီ အရှိန်မြှင်လုပ်ဆောင်သွားမှာပါ”ဟုဇာမဏီပြောက် ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇာမဏီမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီတပ်ကား လမ်းဘေးထိုးကျခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုအား ဇာမဏီ ပြောက်ကျား တပ်ဖွဲ့နှင့် Myitnge PDF အဖွဲ့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။