နွေဦးမောင်/ဧရာဝတီတိုင်းမ်
(အိမ်မဲ)၊ ဇန်နဝါရီလ ၂၅ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီးကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီ တပ်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကို ညှင်းပန်းနှိပ်စက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်သားတွေက နေအိပ်မှာဝင်ရောက်ဖမ်းဆီးချိန်မှာ လက်နက် တွေနဲ့အတူဖမ်းမိတယ်ဆိုပြီး ဇနီးဖြစ်သူကို ညှင်းပန်းနှိပ်စက်ကာ မေးမြန်နေတာလို့ နီးစပ်သူတွေက ပြောပါတယ်။
“ စကစတပ်သားတွေက ၂၀ ရက်နေ့က ဖမ်းသွားတာ၊ ခုအုပ်ချုပ်ရေးမှူးဇနီးကို ရိုက်နှက်စစ်ဆေးနေတယ်လို့ ကြားရတယ်၊ ကလေးနဲ့ အိမ်လည်လာတဲ့သူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်”လို့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးချိန်မှာ အုပ်ချုပ်ရေးမှူးကို မမိလို့ ၃ နှစ်အရွယ်ကလေးငယ်နဲ့ ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့သလို အိမ်လာလည်တဲ့ အမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်တစ်နေ့မှာ ကလေးနဲ့ အိမ်လည်လာတဲ့ အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးဖြစ်သူ စောနေမူးကိုတော့ တခြားကျေးရွာမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးကာ ရိုက်နှက်စစ်မေးတာတွေပြုလုပ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို ဖမ်းဆီးချိန်မှာ လက်နက်တွေနဲ့ဖမ်းမိတာကြောင့် ခုလိုမျိုး ဆက်လက် ဖမ်းဆီးထားတာြဖစ်တယ်လို့ စစ်ကောင်စီဘက်က ကျေးရွာထဲသတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။